Chapter-1

3K 110 1
                                    

(Unicode)

*ခွပ်*

"မင်း မိဘမျက်နှာကို အိုးမဲသုတ်မယ့်ကောင်၊ ငါမွေးထားတဲ့ ယောကျာ်းလေးတွေထဲမှာ မင်းလိုစိတ်မျိုးရှိတဲ့အကောင် တစ်ယောက်မှမပါခဲ့ဘူး"

ဖခင် ထိုးနှက်လိုက်တဲ့ လက်သီး၏ဒဏ်ကြောင့် အိမ်ကြမ်းပြင်ပေါ်သို့ ခွေကျကာသွားပေမယ့်လည်း အားတင်းကာပြန်လည်ထရပ်သည်။ သူမမှားဟု ကိုယ့်ကိုယ်ကိုယ် ထင်မိ‌သောကြောင့်ပင်။သို့ပေမယ့်လည်း အစ်ကိုဖြစ်သောသူများကပါ မိမိကိုနားမလည်နိုင်သည့် မျက်လုံးများဖြင့်  ဝိုင်းရံကာ ကြည့်ရှုနေကြသောကြောင့် အားငယ်စိတ်ဝင်ချင်လာသည်။

အစ်ကိုကြီးနှင့်အစ်ကိုလတ်တို့ကတော့ သူ့ကို မီးဝင်းဝင်းတောက်သည့် မျက်ဝန်းများဖြင့်ကြည့်နေကာ သူနှင့်သူ့ဖခင်အနားကို လာ‌ရောက်ပြီး စကားလုံးတို့ဖြင့် ထိုးနှက်ကြပေမယ့် အစ်ကိုငယ်ကတော့ နေရာမှမရွေ့ ငူငူကြီးသာရပ်နေသည်။

မိခင်ဖြစ်သူထံကို အမေဆိုပြီး အားကိုးရမလားဆိုကာ  အကူအညီတောင်းခံသည့်မျက်လုံးများဖြင့် ကြည့်မိသော်လည်း မိခင်ဖြစ်သူထံမှ ရွံရှာဖွယ်အကြည့်များကိုသာ မြင်လိုက်ရသည်။

အနာဂတ်မှာ သူ့ရဲ့နံဘေးတွင် မိသားစုဝင်တွေ ဘယ်သူမှမရှိလောက်တော့ဘူးဟု ထင်မိသည်။ အမှန်ဆို ယှဉ်ပြိုင်မှုတစ်ခုသာမရှိခဲ့ရင် ကိုယ့်ရဲ့ဖြစ်တည်မှုကို တတ်နိုင်သရွေ့ဖွင့်မပြောဘဲ ထိန်းသိမ်းသွားခဲ့မည်သာဖြစ်သည်။ ကိုယ့်မိသားစုကတော့ နားလည်ပေးမှာပဲဆိုတဲ့ ယုံကြည်မှုတစ်ခုနဲ့ come out အတိအလင်းလုပ်ချလိုက်သည့်တစ်ချိန်တည်းမှာ ရလာတဲ့ရလဒ်က အထင်နဲ့အမြင် လားလားမျှမဆိုင်အောင် လွဲနေခဲ့သည်။

"ဒီကိစ္စကို ဆွေမျိုးတွေသာသိသွားရင် ငါတို့တွေ ဘယ်လိုမျက်နှာပြရမှာလဲ၊ဟမ်၊ ဖြေလေ နွေလွင်ပြင်၊ မင်းမှာ  ဖြေရှင်းချက်ရှိရင် ဖြေ"

"ကျွန်တော့်မှာ ဖြေစရာမရှိဘူး"

"မင်းကို စိတ်ပျက်တယ်"

ဖခင်ဖြစ်သူကတော့ မိမိရှေ့ကနေ ချာကနဲလှည့်ထွက်သွားပြီ။ ထို့‌နောက် ကျန်တဲ့မိသားစုတွေလည်း မျက်စိရှေ့ကနေ အလိုလို ပျောက်ကွယ်လို့သွားခဲ့ပြီ။ နောက်ဆုံးမျှော်လင့်ချက်ဖြစ်တဲ့ မိခင်ကရော။

Parallel Season 1(Completed)Where stories live. Discover now