Chapter-2

871 87 4
                                    

(Unicode)

ချိန်းထားတဲ့အချိန်ထက် နာရီဝက်ကျော်ကြာနေတာတောင် ရောက်မလာသေးတဲ့နွေလွင်ပြင့်ကို အနန္တတစ်ယောက် စိတ်ထဲမှာ ပစ်ပစ်နှစ်နှစ်ကို ကျိန်ဆဲပြီး မေတ္တာအတောင့်လိုက်ကို ပို့မိနေတော့သည်။

"‌‌အချိန်မတိကျတဲ့အရူးလိုကောင်၊ ဘယ်တော့မဆို အချိုးကပြောင်းလာတယ်မရှိဘူး၊ နောက်ကျမြဲကျဆဲပဲ"

*ဘုတ်*

စားပွဲပေါ်ကို ရုတ်တရက် ကားသော့ပစ်ချလိုက်သော နွေလွင်ပြင်ကြောင့် အနန္တမှာလန့်သွားရတော့သည်။သူ့မကောင်းကြောင်း အခုပဲ ပြောဆိုနေတာဆိုတော့ လန့်လည်းလန့်ချင်စရာ။

‌နွေလွင်ပြင်ကတော့ ထိုင်ခုံတစ်ခုကိုဆွဲယူကာ ဘယ်ဘက်ခြေထောက်ပေါ်ကို ညာဘက်ခြေထောက်ချိတ်ကာ ထိုင်လိုက်သည်။ အမြဲလိုလို ဖိုသီဖတ်သီဖြစ်နေသော မီးခိုးရောင်ဆိုးထားသည့် သူ့ဆံပင်ပျော့ပျော့တွေက နဖူးတွင်ဝဲနေလျက် အရှေ့ဆံပင်တွေရဲ့အရှည်က မျက်ခုံးကိုတောင်ကျော်ပြီး မျက်လုံးထဲ ဆံစများဝင်လုလုဖြစ်နေပြီ။ သူ့ပုံစံက ဂျယ်လ်ဖြင့် သပ်သပ်ရပ်ရပ် အနောက်သို့အပြောင်သိမ်းထားသော အနန္တ၏ဆံပင်နှင့် ကွဲပြားစွာ အမြင်တစ်မျိုးဆန်းပြီး ကြည့်ကောင်းနေသည်။

ဆံပင်ပုံစံတင်ပဲလားဆိုတော့ မဟုတ်ပါ။ အဝတ်အစားဝတ်ဆင်ပုံများမှာလည်း ဆီနှင့်ရေအလား။ အနန္တက plain shirtနှင့် style pantကိုသာ ဝတ်ဆင်လေ့ရှိပြီး  နွေလွင်ပြင်ကတော့ hoodieနှင့် ripped-jeansကိုသာ ကောက်စွတ်လာလေ့ရှိသည်။

အသက်တူသော်လည်း လူကြီးပုံစံနဲ့လူငယ်ပုံစံ ဆန့်ကျင်ဘက်လိုဖြစ်နေကြသော သူတို့နှစ်ယောက်ထိုင်နေရာဝိုင်းက ဆိုင်အတွင်းရှိ ကောင်မလေးများကို လုံးဝအကြည့်မလွှဲနိုင်စေရန် ဆွဲဆောင်နေသ‌ယောင်။

"မင်းခုနကပြောနေတာ ငါအကုန်ကြားတယ်နော်၊ပြောချင်ရင်ရှေ့တင်ပဲပြော၊ ငါနားထောင်ပေးမယ်၊မဟုတ်ရင်  တစ်ယောက်တည်း စကားတွေပြောနေတဲ့မင်းကို ဘေးပတ်ဝန်းကျင်ကလူတွေက အရူးလို့ ထင်ကုန်ကြဦးမယ်"

အနန္တ ထွေထွေထူးထူး ဘာမှပြန်ပြောမနေတော့ဘဲ  ရှင်းရှင်းလင်းလင်းဖြစ်အောင် လက်ခလယ်သာထောင်ပြလိုက်‌တော့ နွေလွင်ပြင်ကတော့ တစ်ဟားဟားနှင့်ထိုင်ရယ်နေသည်။

Parallel Season 1(Completed)Where stories live. Discover now