Chapter-30(Final)

1.4K 50 7
                                    

(Unicode)

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ဖြစ်သည်။ခြွေခတစ်ယောက် ခရီးဆောင်အိတ်ကြီးကို ဘေးချကာ နိုင်းရှိန်ခနှင့် မတ်တပ်ရပ်ပြီး စကားပြောနေသည်။ အမှန်ဆို ခြွေခ အထဲဝင်ပြီး ကော်ဖီဆိုင်တစ်ခုတွင်ထိုင်ကာ စာအုပ်တစ်အုပ်ကို ဖတ်နေမှာအမှန်ပင်။ နိုင်းရှိန်ခကလည်း မပြန်သေးဘဲ စကားတွေရပ်ပြောနေတာကြောင့် သူ့မှာမပြောချင်ပြောချင်ဖြစ်ကာ ရပ်နေရရှာပါသည်။ညဘက်ထွက်မည့်flightကိုသာ ရွေးချယ်ထားတာကြောင့် လူရှင်းနေပြီး  လူတွေရဲ့အာရုံစိုက်ခြင်းကို သိပ်ပြီးမခံရပေ။

"မင်းကွာ ထူးထူးဆန်းဆန်း စိတ်ပေါက်ပြီး ခရီးထွက်မယ်လုပ်တယ်၊ လာကမ်းလှမ်းတဲ့ အလုပ်မှန်သမျှကိုလည်း လက်မခံဘူး၊ new year countdownပွဲတွေ လာတော့မှာကို"

"ကျွန်တော် ခရီး တကယ်ထွက်ချင်နေလို့ပါ ကိုနိုင်းရယ်"

"ဒီလိုဆိုလည်း ငါလိုက်မယ်ဆိုတော့ မဟုတ်ပြန်ဘူး"

ခြွေခသိလိုက်ပါပြီ။နိုင်းရှိန်ခတစ်ယောက် သူ့ကိုထားခဲ့ပြီး ခြွေခတစ်‌ယောက်တည်း ခရီးထွက်မည် လုပ်သောကြောင့် စိတ်ကောက်နေသည်။

"ကိုနိုင်းကလည်း ကျွန်တော်တစ်ယောက်တည်း ခရီးထွက်ချင်တာလေ၊ ယူမီကလည်း မြန်မာနိုင်ငံကို ရောက်နေတာ  ကိုနိုင်းသူနဲ့ လည်လို့ရတာပေါ့၊ကျွန်တော်နဲ့မလိုက်ပါနဲ့ဗျာ"

"ငါလည်း ဒါကြောင့်မို့လို့ နေခဲ့တာပါကွာ၊မဟုတ်ရင် ငါမရ ရအောင် မင်းနောက်လိုက်မှာ"

ခြွေခ,ကတော့ နိုင်းရှိန်ခကို ဘာမှမပြောတော့ဘဲ လက်ပိုက်ပြီးသာ ရပ်ကြည့်နေလိုက်တော့သည်။ထိုစဉ်တွင် အနားသို့ ရုတ်တရက် ရောက်လာသော လူနှစ်ယောက်ကြောင့် ခြွေခမှာ ဘုရားတကာ လန့်ရတော့သည်။

ထိုသူနှစ်ယောက်ကတော့ အခြားသူများ မဟုတ်ကြပါ။ အနန္တနှင့်နွေလွင်ပြင်တို့ပင်။ ခြွေခ ခရီးသွားမည်ကို ဘယ်ကနေဘယ်လို သတင်းအစအန ရသွားကြသည်မသိ၊ ရေးကြီးသုတ်ပြာတွေဖြစ်ကာ အမောတကြီး ပြေးလာကြသည်။

"ခြွေရယ် ဘာလို့ ထွက်သွားမှာလဲ၊ ကိုယ်တို့ကြောင့်ဆိုရင်တော့ မသွားပါနဲ့ခြွေရယ်၊ကိုယ်တောင်းပန်ပါတယ်ကွာ"

Parallel Season 1(Completed)Onde histórias criam vida. Descubra agora