(Unicode)
နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ သီးသန့်ခန်းတွင် နွေလွင်ပြင်တစ်ယောက်တည်း ထိုင်နေလေသည်။ တစ်ဦးတည်း ညစာလာရောက်စားခြင်းမဟုတ်ဘဲ ခြွေခချိန်းသောကြောင့် ရောက်နေရခြင်းဖြစ်သည်။
မနက်ခင်းအချိန်တုန်းက ခြွေခကိုယ်တိုင် ဖုန်းဆက်ပြီးတော့ တကူးတက ကမ်းလှမ်းလာသောကြောင့် တစ်ခုခုထူးခြားတာဖြစ်မည် ဆိုတာကိုလည်း ခန့်မှန်းမိပြီးသား။ ခြွေခဘက်က အရင်တွေ့ဖို့ ချိန်းတယ်ဆိုတာ ထူးခြားဆန်းကြယ်ဖြစ်ရပ်ထဲတွင် မှတ်တမ်းတင်သင့်သည် မဟုတ်လား။
နွေလွင်ပြင်ကတော့ ခြွေခဘက်က နှစ်ယောက်တည်း တွေ့ချင်သည်ဟု စပြီးချိန်းဆိုလာသည့်အတွက်ကြောင့် ပျော်ရွှင်နေသလို ခံစားမိနေသည်။ ခြွေခဘက်က နွေလွင်ပြင်တောင့်တနေရတဲ့ အဖြေကို ပေးဖို့အတွက်ဆိုတာကလွဲ မည်သည်မျှမဖြစ်နိုင်ဟုလည်း တစ်ထစ်ချ ယုံကြည်ထားပြန်ပါသည်။
ထို့ကြောင့်ပင် အနန္တနဲ့တွေ့ဖို့ရှိတိုင်း နောက်ကျတတ်သည့် နွေလွင်ပြင်က ခြွေခအတွက်တော့ စောပြီးရောက်နှင့်နေသည်။အသေးအဖွဲ မြူမှုန်လေးကအစ ခြွေခမျက်စိထဲမှာ သဘောကျနိုင်ရန် သူ့ဘက်က အစစအရာရာ ဂရုစိုက်မှ တော်ရာကျနိုင်မည်။ အဝတ်အစားကိုလည်း ဝတ်နေကျပုံစံမဟုတ်ဘဲ ဒီနေ့မှပဲ သပ်သပ်ရပ်ရပ်နှင့် သန့်ပြန့်နေအောင် မိုးပြာရောင်အောက်ခံမှာ အဖြူစင်းကြားများဖောက်ထားသော ရှပ်အင်္ကျီကို တံတောင်ဆစ်အထိ ခေါက်တင်ထားကာ အနက်ရောင်slim fit ဘောင်းဘီနှင့်တွဲဖက်ဝတ်ဆင်ထားသည်။ ဆံပင်ကတော့ ပုံစံတွေပြောင်းမနေတော့။ မိမိစိတ်တိုင်းကျအတိုင်း နဖူးပေါ်ကျနေစေသည်။
နွေလွင်ပြင်တစ်ယောက် စိတ်လှုပ်ရှားစွာနှင့် ခြွေခကို လည်တဆန့်ဆန့်မျှော်နေကာ တံခါးဝသို့ပဲ လှမ်းကြည့်မိနေသည်။ သို့သော် ချိန်းထားသည့်အချိန်ထက် ၁၅မိနစ်မျှ စောနေသောကြောင့် ခြွေခတစ်ယောက်ကတော့ အရိပ်တောင် ပေါ်မလာသေးပါ။
နွေလွင်ပြင်ကံကောင်းသည်က ခြွေခကိုယ်တိုင် သီးသန့်ခန်းကို နာရီဝက်ကြိုပြီး ဘွတ်ကင်လုပ်ထားတာကြောင့် အဆင်သင့် အခန်းထဲမှာ ထိုင်စောင့်နေနိုင်သည်။ ခြွေခလာမှပဲ မှာမည်ဆိုကာ ဘာဆိုဘာမှ မမှာဖြစ်သေးသောကြောင့် စားပွဲပေါ်တွင် အအေးခွက်သာ နေရာယူထားလေသည်။
YOU ARE READING
Parallel Season 1(Completed)