Chapter-19

270 34 2
                                    

(Unicode)

ခြွေခ၏စိတ်ထဲတွင် ပေါ်လာသည့်အတိုင်း သူ့ပရိသတ်တွေနဲ့ စကားပြောရန် Liveလွှင့်မည်ဖြစ်သည်။ ထို့ကြောင့်ပဲ ရောက်ကတည်းက မွေ့ယာပေါ် ပစ်တင်ထားတဲ့ ဖုန်းလေးကို ယူကာ  Liveလွင့်ဖို့ နေရာတကျထား၍ ပြင်ဆင်လိုက်တော့သည်။

မလွှင့်ခင်လေး အပြေးအလွှား ရေချိုးခန်းသို့ပြေးကာ မှန်က ကြည့်လိုက်ရသေးသည်။ကိုယ့်ကိုယ်ကိုယ်ကြည့်ပြီး  စိတ်တိုင်းကျတော့မှ ပြန်လာကာ ဖုန်းကိုဖွင့် facebookရဲ့ Liveဆိုသည့်နေရာလေးကိုနှိပ်ကာ သူ့ပရိသတ်တွေကို စောင့်နေလိုက်သည်။

ကလေးမတွေက ဘယ်တုန်းတည်းက ခြွေခကို မြင်ချင်နေကြသည်မသိ commentတွေဆိုတာ ချက်ချင်းဆိုသလို တက်လာပြီး ကြည့်ရှုနေကြသူများမှာလည်း တစ်ဟုန်ထိုး များပြားလာတော့သည်။

ခြွေခ စိတ်ညစ်သည့်အချိန်ဖြစ်စေ အလုပ်အားသည့်အချိန်ဖြစ်စေ ခေါင်းထဲမှာ ဘာဆိုဘာမှမစဉ်းစားချင်တော့တဲ့အချိန်ဖြစ်ဖြစ် social mediaတွင်liveလွှင့်ကာ  ပရိသတ်တွေနဲ့စကားပြောဖြစ်သည်။ သူတို့လေးတွေရဲ့ ဟာသနှောကာ စနောက်တတ်သည့် commentလေးတွေကလည်း ခြွေခရဲ့ ညစ်နွမ်းနေတဲ့စိတ်အစဉ်ကို ကြည်လင်အောင် စွမ်းဆောင်နိုင်သောကြောင့်ပင်။

ခြွေခအတွက်တော့ သူ့ပရိသတ်တွေဆိုတာ မိသားစုပြီးရင် ဒုတိယအရေးအကြီးဆုံးလို့ ဆိုလို့ရသည်။ကိုယ်နဲ့ ဆွေမျိုးလည်းမတော် သွေးမတော်သားမစပ်တဲ့ သူစိမ်းလို့သာ သုံးနှုန်းလို့ရသည့် သူလေးတွေက ကိုယ့်အပေါ်ကို ဖြူဖြူစင်စင်နဲ့ သံယောဇဉ်အရင်းခံပြီး ချစ်ပေးကြတဲ့ အတွက်လည်း ခြွေခတကယ်ပင် ဝမ်းသာရပါသည်။ ကျေးဇူးလည်း တင်မိသည်။ သူတို့လေးတွေက သူစိမ်းဆိုပေမယ့် သူ့အတွက် အရင်းနှီးဆုံး သူစိမ်းလေးများသာ။

ထို့ကြောင့်ပဲ ထိုကလေးမလေးတွေကို ခြွေခတတ်နိုင်သမျှ စိတ်ချမ်းသာအောင်ထားသည်။ သိပ်မကြာသေးသည့် အချိန်က ခြွေခလုပ်လိုက်သည့် အတုအယောင်ကိစ္စပြီးကတည်းက သူတို့အပေါ် ပိုပြီး ဂရုစိုက်လာသည်။ ကိုယ့်ဘက်က အခြေအနေတစ်ခုကြောင့် မွှေလိုက်ရတဲ့ ဂယက်ဆိုပေမယ့် တကယ်စိတ်ထိခိုက်သွားကြတဲ့သူတွေက သူ့ပရိသတ်များသာဖြစ်သောကြောင့် ခြွေခတစ်ယောက် နောင်တတွေ တစ်သီကြီးရခဲ့ရသေး၏။

Parallel Season 1(Completed)Tahanan ng mga kuwento. Tumuklas ngayon