(Unicode)
စိတ်ပျက်လက်ပျက်ဖြစ်နေပုံရတဲ့ လုံမေ့ရဲ့ ပုံသဏ္ဍာန်အရ သူ့ရည်ရွယ်ချက် မအောင်မြင်ဘူးဆိုတာ နွေလွင်ပြင်သိလိုက်သည်။ ခြွေခနဲ့အမြန်နီးစပ်ဖို့ အနန္တထက် ခြေလှမ်းသာအောင် ပထမဦးဆုံးစဉ်းစားမိတဲ့ ဗျူဟာအရ ခြွေခကို photoshootလုပ်ရန် ကမ်းလှမ်းခဲ့သည်။
လုံမေက ဘယ်ကဘယ်လို အစရှာတွေ့လာသည်မသိတဲ့ ခြွေခmanagerနိုင်းရှိန်ခရဲ့ဖုန်းကို တဂွမ်ဂွမ်နဲ့ ဆက်ကာ အပူကပ်ပေမယ့်လည်း အခြေအနေက ထူးမခြားကနေကို မတိုးတက်။ ခြွေခဘက်က ငြင်းမြဲငြင်းဆဲသာ။
ခြွေခ ငြင်းတယ်ဆိုတာလည်း ချေမိုးတဲ့သဘောမျိုးနဲ့ မဟုတ်တာကို နွေလွင်ပြင်အပါအဝင် လုံမေပါသိသည်။ အဘယ့်ကြောင့်ဆိုသော် ခြွေခက အခုလက်ရှိတွင် သူနောက်ထွက်မည့် albumအတွက် နေ့နေ့ညည အလုပ်တွေ ပြည့်နေသောကြောင့်ပင်။
ခြွေခဆိုတာကလည်း ဒီလိုမျိုး ပြည့်ကျပ်နေတဲ့ အချိန်ဇယားမရှိသည့် အားလပ်ရက်တွေမှာတောင်မှ brandအချို့၏ promotionပွဲတွေကို မနားတမ်းတက်ရောက်ပေးနေရသည့်သူဖြစ်သည်။ ခြွေခဘဝမှာ အလုပ်နှင့် relationship ချိတ်ထားသလား မှတ်ရအောင် အလုပ်မအားနိုင် ဖြစ်သည်ကို နွေလွင်ပြင် သဘောပေါက်သောကြောင့် အပြစ်မဆိုပါ။ အပြစ်ဆိုလို့လည်း ဘယ်ဖြစ်လိမ့်မလဲ။ သူသာလျှင် ခြွေခနှလုံးသားကို အနိုင်ယူရမည့်သူဟု စိတ်ထဲမှာ ထည့်သွင်းထားသောကြောင့် အခုအချိန် ခြွေခက လာရိုက်နှက်ရင်တောင် ပြုံးပြုံးကြီးနဲ့ ငြိမ်ခံနေရမှဖြစ်မည်။
အဲ့သည်လောက်ထိ နွေလွင်ပြင် ဒီတစ်ခေါက်ပြိုင်ပွဲမှာ အနိုင်ယူချင်စိတ် များလှပါသည်။ အရင့်အရင် ပြိုင်ခဲ့သည့် ပွဲတွေတုန်းက စိတ်မပါလက်မပါနှင့်သာ ပြီးပြီးရော အနန္တအပေါ်ကို ပြိုင်ခဲ့ပေမယ့် ဒီပွဲမှာ အဘယ့်ကြောင့် စိတ်အားထက်သန်နေရသလဲ ဆိုသည့်အဖြေကို သူကိုယ်တိုင်တောင် သတိထားမိမည်မဟုတ်သည်မှာ သေချာသည်။
အဆင်ပြေလားဟူသည့် သဘောဖြင့် လက်မနှင့်လက်ညှိုးကို ဝိုင်းကာ လုံမေ့ကိုလှမ်းပြလိုက်တော့ လုံမေက ခဏလေးဆိုကာ လက်ကာပြလာသည်။ ထို့နောက် မျက်နှာက အလိုလိုပြုံးလာပြီး အားတက်သရောနှင့် ဟိုဘက်ဖုန်းထဲကလူကို မမြင်နိုင်ပေမယ့် ခါးကိုင်းကာ အရိုအသေတွေပေးနေသော လုံမေ့ကိုကြည့်ပြီး အဆင်ပြေပြီဖြစ်ကြောင်း
နွေလွင်ပြင် ထင်မှတ်လိုက်သည်။
ESTÁS LEYENDO
Parallel Season 1(Completed)