Chapter-16

290 40 0
                                    

(Unicode)

အမျိုးသားပြဇာတ်ရုံအတွင်း၌ လူများတဖြည်းဖြည်းနှင့်များပြားလို့လာနေပြီဖြစ်သည်။ ထိုလူအများစုကတော့  ခပ်ငယ်ငယ် ဆယ်ကျော်သက်အရွယ်ကောင်မလေးများဖြစ်ကြသည်။ ကောင်လေးတွေကိုတော့ တစ်ချို့တလေသာ တွေ့ရသည်။ လက်မှတ်လေးတွေ ကိုယ်စီကိုင်ကာ ဝင်ပေါက်မှာတန်းစီကာ ရပ်နေကြသည့် သူတို့လေးတွေရဲ့မျက်နှာမှာ စိတ်လှုပ်ရှားမှုဆိုသည့် အရိပ်အငွေ့ကို တူညီစွာတွေ့ရလိမ့်မည်။

အနန္တ ကားကိုအဆင်ပြေမည့်နေရာတစ်ခု၌ ပါကင်ထိုးထားလိုက်ပြီး သေချာလော့ခ်ချကာ ဝင်ပေါက်သို့ လျှောက်လာလိုက်သည်။ ပန်းဆိုင်တစ်ခုကို ဆက်သွယ်ကာ စနစ်တကျမှာ၍ အသေးစိတ် ပြင်ဆင်ခိုင်းထားသည့် ပန်းစည်းကိုလည်း မမေ့မလျော့ လက်ကနေ တစ်ပါတည်း ကိုင်ဆောင်လာသည်။

သူဝင်ပေါက်ရှိရာသို့ လမ်းလျှောက်နေတုန်း အရှေ့ကနေ ကားတစ်စီးက အရှိန်ပြင်းစွာ ဖြတ်မောင်းသွားသည်။ ကားပိုင်ရှင် ဘယ်သူလဲဆိုတာကိုတော့ ကားနံပါတ်ကို မြင်လိုက်ကတည်းက အနန္တသတိထားမိပြီးဖြစ်သည်။ဒါကြောင့်ပဲ ကားပိုင်ရှင်ကို မတ်တပ်ရပ်ကာ စောင့်နေလိုက်သည်။

သူတို့နှစ်ယောက်လုံး၏ ကြုံကိုကြုံနိုင်လွန်းသည့် ကံကြမ္မာကို နွေလွင်ပြင် နားမလည်နိုင်ဖြစ်ရသည်။ဂိတ်ပေါက်ကနေ ဝင်လာတော့ ကားပါကင်မှာရှိနေတဲ့ အနန္တကိုမြင်တာနဲ့ တမင်တကာ အရှေ့ကနေ ဖြတ်မောင်းလိုက်သည်။ အနန္တစိတ်တိုအောင် ကလိလိုက်ခြင်းဖြစ်သည်။

အနန္တက မသွားသေးဘဲ သူ့ကို မတ်တပ်ရပ်ပြီး သေချာတောင်စောင့်နေသည်ဆိုတော့ ‌ဘေးနားက ခုံတွင်ထား ထားတဲ့ ပန်းစည်းကိုဆွဲယူကာ အနန္တ ရပ်နေရာနားသို့ လျှောက်သွားလိုက်သည်။

အနန္တလက်ထဲကပန်းစည်းကိုလည်း တစ်ချက်ကြည့်ရသေးသည်။ သူ့ပန်းစည်းနှင့် တူနေမှာ စိုးရိမ်သောကြောင့်ပင်။အနန္တလက်ထဲကပန်းစည်းနှင့် သူဝယ်လာသည့် ပန်းစည်းနဲ့ ချွတ်စွတ်တူမနေတော့မှပဲ စိတ်အေးလက်အေး ဖြစ်သွားရတော့၏။

"မင်းကိုလည်း ခြွေ လက်မှတ်ပို့လိုက်တာလား"

"ပို့လိုက်လို့ ရောက်နေတာပေါ့ကွ၊ မင်းခုနက ကားကို ဘယ်လိုမောင်းတာလဲ၊အခန့်မသင့်ရင် ငါဒဏ်ရာရသွားမှာပေါ့"

Parallel Season 1(Completed)Where stories live. Discover now