(Unicode)
"ခြွေ"
"ခ"
ခြွေခတစ်ယောက်လည်း သူ့ရဲ့နာမည်ကို တစ်ယောက်တစ်လုံးဆီ ခေါ်နေကြတဲ့လူနှစ်ယောက်ကို ထိုင်ရာက မော့မကြည့်ခင်ကတည်းက ဘယ်သူတွေဆိုတာ သိလို့ကို နေပါသည်။ လွဲစရာလည်းမရှိပေ။ နှစ်လုံးတည်းရှိတဲ့ နာမည်ကိုတောင်မှ ထူးထူးခြားခြား တစ်လုံးတည်းဖြစ်အောင် ခွဲခေါ်နေတာ ဒီတစ်လောကလုံးမှာ အနန္တနဲ့နွေလွင်ပြင်ကလွဲ၍ ဘယ်သူမှမဖြစ်နိုင်ပါ။
(နှစ်ယောက်လုံးက ဘယ်လိုလုပ်ပြီး ပြိုင်တူရောက်လာကြတာလဲ၊ လက်မှတ်ပို့ပေးလိုက်တာ နားနေခန်းထဲအထိ ရောက်လာဖို့မှ မဟုတ်တာ)
"ဘယ်လိုလုပ်ပြီးတော့ အနန္တက ဒီကိုရောက်လာတာလဲ၊ ပြီးတော့ လွင်ပြင်ရောပဲ"
"ဪ ဒီမှာ ခ အတွက်"
အနန္တက သူဝယ်လာတဲ့ ပန်းစည်းအား ခြွေခကို လှမ်းပေးသည်။
"ကိုယ်လည်း ဝယ်လာတယ်"
နွေလွင်ပြင်ကလည်း အားကျမခံ သူ့လက်ထဲက ပန်းစည်းကို ခြွေခဆီသို့ အတင်းထိုးပေးသည်။
"တကူးတကကြီးဗျာ၊ သက်သက်မဲ့ အချိန်ကုန်ခံပြီး ယူလာကြသေးတယ်၊ ဒီအတိုင်း ကျွန်တော်က ကျွန်တော့်ပွဲကို လာကြည့်စေချင်လို့ ပို့ပေးလိုက်တာ၊ ကလေးတွေကြားထဲ လူကြီးနှစ်ယောက်တည်းဖြစ်နေတော့ အဆင်မှပြေကြရဲ့လား"
"ပြေပါတယ် ခြွေရယ်၊ ဘာမှ ပြဿနာမရှိဘူး"
"အဆင်ပြေတယ် ခ"
"ဟုတ်ပါပြီ ၊ဒါနဲ့ နှစ်ယောက်က သိနေတာလား"
ခြွေခဆီက မထင်မှတ်ထားသောအမေးစကားကြောင့် နွေလွင်ပြင်နှင့်အနန္တ ခေါင်းကျိန်းသွားကြသည်ကတော့ အမှန်ဖြစ်သည်။ သူတို့နှစ်ယောက်ထင်ထားတာ ခြွေခက သူ့ကိုချစ်ခွင့်ပန်ထားကြသော သူတို့နှစ်ယောက်ကို အတူတူတွေ့လိုက်ရင် အနည်းငယ်တော့ မျက်နှာပျက်သွားမည်ဟူ၍ပင်။ ခြွေခက ဘာဆိုဘာမှမဖြစ်။ မလွတ်မလပ်နှင့် စိမ်းသက်တဲ့ အငွေ့အသက်မခံစားရဘဲ ပေါ့ပေါ့ပါးပါးသာ ပြုမူနေသည်။
"မသိပါဘူး ခ ရယ်၊ ကိုယ်နဲ့ ဒီလူနဲ့က ပွဲတစ်လျှောက်လုံး ဘေးချင်းကပ်ထိုင်လာရတာ၊ ပြီးတော့ ကိုယ်ဒီကိုလာတယ်၊ဒီလူကလည်း ကိုယ်နဲ့အတူတူ ခ ဆီကိုလာတာ၊ အစကတော့ ခ ဆီသွားမယ်လို့ ဘယ်ထင်မလဲ၊ သူပြန်မယ်လို့ပဲ ထင်တာ၊ မဟုတ်ဘူးဗျာ သူက ခ ဆီကို ကိုယ့်လိုပဲ တန်းတန်းမတ်မတ်လာတာ၊ အဲ့လိုနဲ့ပဲ အတူတူ ရောက်လာကြတယ်ပေါ့"
ŞİMDİ OKUDUĞUN
Parallel Season 1(Completed)