Chapter-5

467 56 3
                                    

(Unicode)

အနန္တ တကယ် ကျိန်ဆိုကျိန်ရဲပါသည်။ သူ့ကိုဒီမှာတွေ့လိမ့်မယ်လို့ ထင်ကိုမထင်ခဲ့တာ အမှန်ပါ။တွေ့မယ့်တွေ့တော့လည်း အကြံတူဉာဏ်တူတွေဆိုတော့ စိုက်စိုက်မြိုက်မြိုက်ကို ‌လာ‌‌တွေ့တော့သည်။ဘယ်လို ရေစက်များပါလိမ့်။

"ဟင်၊ မင်းကဘယ်လိုလုပ်"

"Surprise!! မချိန်းဘဲနဲ့ ငါ့ကိုတွေ့လိုက်ရတော့ အံ့ဩသွားလား အရိုင်းတုံး"

"ခြွေခရှိတဲ့နေရာကို မင်းလည်းရောက်နေတာဆိုတော့ ငါ့လိုမျိုး အကြံတူနေလို့ပဲဖြစ်မယ်၊ ငါမင်းရောက်လာမယ်မှန်းမသိလို့ လာတာနော်ဟေ့ရောင်၊ မင်းကိုလာနှောင့်ယှက်တာမဟုတ်ဘူး"

"My God! ငါမင်းကိုလည်း ဘာမှမပြောရသေးပါလားကွာ၊ လူတွေ ငါတို့နှစ်ယောက်ကို ဝိုင်းကြည့်နေကြပြီ၊ မိုးတိုးမတ်တပ်တွေနဲ့လည်း မကောင်းပါဘူးကွာ၊ တစ်ဆိုင်ဆိုင်သွားရအောင်"

"ငါခုနကပဲ ဆိုင်ထိုင်လာတာ"

"လျှာရှည်မနေနဲ့ ၊ထပ်ထိုင်ရတော့ မင်း-င်အပူလောင်သွားမှာ ကြောက်နေလို့လား၊လိုက်ခဲ့စမ်းပါကွာ"

(ငါဆဲလိုက်ရ သောက်အကောင်က လက်ခလယ်လိုချင်နေပြီထင်တယ်)

အနန္တ လည်း ‌နွေလွင်ပြင်ဆွဲခေါ်ရာနောက် ကောက်ကောက်ပါအောင်လိုက်ရတော့သည်။ မသွားလို့လည်းမရ။ သူ့ဟာနဲ့သူ လိုက်ဖက်အောင် သာမန်သာဝတ်ထားကြပေမယ့် ရှည်လျားလှသည့် အရပ်တွေကြောင့် လူအုပ်ကြားထဲမှာ ထင်းခနဲဖြစ်နေတဲ့ သူတို့နှစ်ယောက်ကို လူအတော်များများက အာရုံရောက်နေကြသည်။တချို့ကျတော့လည်း မော်ဒယ်လားဘာလားဆိုတဲ့ အကြည့်များဖြင့်မျက်စိကလည်း အစာကျွေးနေကြသေးတော့ ဟိုသတ္တဝါနောက်သာ မလွှဲသာဘဲလိုက်ရသည်။

Harry's Barမှာထိုင်ဖြစ်ကြပြီး ပေါ့ပေါ့ပါးပါးဖြစ်အောင် cocktailသာ မှာဖြစ်ကြသည်။နွေလွင်ပြင်က ရောက်လာတာ၅မိနစ်ကျော်နေပြီ ဘာဆိုဘာမှမပြောသေးဘဲ  cocktailကိုသာ ဇိမ်နဲ့ထိုင်သောက်နေသည်။

"မင်းခေါ်လို့လိုက်လာတာ ဟေ့ရောင်ရ၊မင်းတစ်ယောက်တည်းကမ္ဘာ တည်ဆောက်မနေဘဲ ပြောစရာရှိတာပြော၊ပြောစရာမရှိရင် ပြန်မယ်"

Parallel Season 1(Completed)Where stories live. Discover now