Chapter-13

286 40 0
                                    

(Unicode)

ရုပ်တည်ကြီးနဲ့ သူဖြစ်ချင်တာကို ဘယ်သူ့မှ ဂရုမစိုက်ဘဲ  တကယ်လုပ်မည့်ပုံစံနှင့် ပြောလာသော နွေလွင်ပြင်ကြောင့် ခြွေခ အနောက်သို့ ခြေလှမ်းနှစ်လှမ်းလောက်ဆုတ်လိုက်၏။ တစ်ခုခုဖြစ်လာရင် ခုခံတိုက်ခိုက်နိုင်စွမ်းမရှိ‌လို့ နောက်ဆုတ်လိုက်သည်မဟုတ်ဘဲ ပြဿနာမဖြစ်အောင် ကြိုတင်ကာကွယ်သည့်သဘောဖြင့် ကိုယ့်ဘက်က  လှုပ်ရှားလိုက်ခြင်းဖြစ်သည်။

နွေလွင်ပြင်ကလည်း ခြွေခဆုတ်လိုက်တဲ့ ခြေလှမ်းအ‌ရေအတွက်နှင့်အညီ ရှေ့သို့နှစ်လှမ်းတိုးလာသည်။ နွေလွင်ပြင်ဆီမှာ မ‌ကောင်းတဲ့ရည်ရွယ်ချက်မရှိဘဲနဲ့ ခြွေခကို စချင်သည့်စိတ်သက်သက်နှင့်သာ လုပ်‌နေခြင်းဖြစ်သည်။  ဒါကိုခြွေခက သတိမထားမိ။ နောက်ထပ် ခြေလှမ်းများထပ်ဆုတ်ပါသည်။ နွေလွင်ပြင်ကလည်း ခြွေခဆီသို့ ထပ်မံတိုးလာပါသည်။ နှစ်ယောက်သား တစ်ယောက်ကရှေ့တိုးလိုက်၊ တစ်ယောက်ကနောက်ဆုတ်လိုက်ဖြစ်နေတာ ခြွေခရဲ့ကိုယ်လုံး နံရံမှာကပ်သွားတဲ့အထိပင်ဖြစ်၏။

နွေလွင်ပြင်အတွက်တော့ ခြွေခကိုစဖို့ အခွင့်အရေးတွေထပ်ရတာပေါ့။ နံရံကိုလက်နဲ့ထောက်ထားလိုက်ပြီး ခြွေခရဲ့မျက်နှာနဲ့ အနီးဆုံးဖြစ်အောင် သူ့မျက်နှာအား ရှေ့တိုးလိုက်သည်။ သူတို့နှစ်ယောက်ရဲ့ အခုလက်ရှိအခြေအနေက ချောင်ပိတ်မိနေတဲ့ ကြွက်သူငယ်နှင့် ထိုကြွက်ကိုဖမ်းစားတော့မည့် ကြောင်ဆိုးတစ်ကောင်တို့ဟု တင်စားရင်ရမည်ထင်သည်။ ခြွေခကတော့ ကြွက်သူငယ်လေးဖြစ်ပြီး နွေလွင်ပြင်ဆိုတဲ့ သူကိုယ်တိုင်ကတော့ ကြောင်ဆိုးတစ်ကောင်ပင်။

(ဘာလဲဟ၊ ဒီလိုပုံစံကြီးကိုk-dramaတွေထဲမှာ မြင်ဖူးတယ်၊ မင်းသားက မင်းသမီးကို အခုလိုချောင်ပိတ်ပြီးရင် နမ်းတော့မှာမလား၊ မဖြစ်ဘူး၊ ငါက မင်းသမီးမဟုတ်တော့ ငြိမ်ပြီးနေစရာမလိုဘူး၊သူလည်း ယောကျာ်းလေး ငါလည်းယောကျာ်းလေး၊ အင်အားချင်းအတူတူပဲ၊ ငါတွန်းထုတ်လိုက်ရင် သူအနည်းဆုံးတော့ ချော်လဲသွားမှာပဲ)

ခြွေခလည်း စိတ်ကူးထဲက ပေါ်လာတဲ့အကြံအတိုင်း နွေလွင်ပြင့်ကို ရှိသမျှအတွင်းအား အကုန်သုံးပြီး တွန်းထုတ်လိုက်တာ နွေလွင်ပြင်က ချော်တော့မလဲပေမယ့် သူနဲ့ခပ်ဝေးဝေးသို့ ရောက်သွားသည်။

Parallel Season 1(Completed)Dove le storie prendono vita. Scoprilo ora