(Unicode)
*ဒုန်း*
ဘာမှမလုပ်ဘဲ ဒီအတိုင်းလေး လမ်းရှင်းတဲ့နေရာကိုရွေးပြီး ရပ်ထားတာတောင်မှ ခြွေခရဲ့ကားကို ကားတစ်စီးက တည့်တည့်ကြီး လာဝင်တိုက်သေးသည်။ အရှိန်သိပ်မပြင်းပေမယ့်လည်း ခြွေခတစ်ယောက် အရှေ့သို့ယိုင်ထိုးကာ ကျတော့သည်။ Seat beltကိုသေချာပတ်ထားသောကြောင့် မျက်နှာကို ခိုက်မိသွားခြင်းတော့ မရှ်ိပေ။
ခြွေခအဖြစ်ကလည်း ငိုချင်တာတောင်မှ ဝအောင်မငိုရသည့်အဖြစ်ပါ။ တစ်ယောက်တည်း စိတ်ကြိုက်ငိုနေသည့်အချိန်မှာမှ နေရင်းထိုင်ရင်း ကားအက်ဆီးဒင့်အသေးစားလေးက လာဖြစ်နေသေးသည်။ ခြွေခအတွက်တော့ ကံတရားက တော်တော်မျက်နှာလိုက်ပြီး ဆိုးလွန်းပါသည်။
ဒေါသစိတ်ဖြစ်လာတော့ ပတ်ထားတဲ့ seat beltကို ဖြုတ်ကာ ကားတံခါးကို အလျင်အမြန်ဖွင့်ပြီးဘောက်ဆတ်ဆတ်နှင့် ဝင်တိုက်သည့်ကားရှိရာဆီသို့ လျှောက်သွားလိုက်သည်။ အခုအချိန်မှာ ခြွေခ,က သူဘယ်သူဆိုတာတွေလည်း ဂရုစိုက်မနေနိုင်တော့။ အလကားနေရင်း လာဝင်တိုက်သည့် ကားပိုင်ရှင်ကို ဒေါသထွက်နေတာပဲ စိတ်ထဲမှာသိတော့သည်။
ဝင်တိုက်သည့်ကားပိုင်ရှင်က အပြစ်လုပ်မိတာသိလို့ထင်ပါရဲ့ ခြွေခ သူ့ကားအနားရောက်သွားတဲ့အထိကို ကားထဲက ထွက်မလာသေးပါ။ ထို့ကြောင့် ခြွေခမှာ ကားမှန်ကို တဒေါက်ဒေါက်နဲ့ ခေါက်ရပါတော့သည်။
"ဒီမှာ ကိုယ်လုပ်ထားတဲ့ကိစ္စကို ရှင်းဖို့ တံခါးလေးဖွင့်ပြီး ထွက်လာခဲ့ပါဦး"
*ဒေါက် ဒေါက်*
နောက်တစ်ခေါက် ထပ်ခေါက်ပါသေးသည်။အထဲကလူက ယောင်လို့တောင် အပြင်ကို ထွက်မလာသေးပါ။ ကားမှန်ကလည်း အမဲဖြစ်နေတာကြောင့် အထဲကို မမြင်ရတော့ ခြွေခရဲ့ ဒေါသထွက်နေတဲ့စိတ်က အထွတ်အထိတ်ကို ရောက်ရတော့သည်။
"ဒီမှာ ထွက်လာလို့ ပြောနေတယ်လေ၊ ကြားရင် ထွက်လာခဲ့"
ခဏစောင့်ကြည့်ပေမယ့် ဘာဆိုဘာမှ ထူးခြားမှုမရှိ။ခြွေခရဲ့ပေါက်ကွဲပြီးသား ဒေါသမီးတောင်မှာလည်း ချော်ရည်များ တသွင်သွင်စီးဆင်းကာ အရှိန်အဟုန်ပြင်းထန်လာ၏။ ခြွေခ သူ့ရဲ့ကားမှန်ကို ရိုက်ခွဲချင်စိတ်က ပေါ်ပေါက်လာသည်။ သာမန်အချိန်ဆို ကားလည်း စုတ်ပြတ်သွားတာမဟုတ်သည့်အတွက်ကြောင့် ဒီလောက်ထိ ဖြစ်နေမည် မဟုတ်သည်မှာ သေချာပါသည်။
ယခုအနေအထားက ခြွေခရဲ့ စိတ်အခြေအနေ ပုံမှန်မဟုတ်ကာ ဝမ်းနည်းနေသည့်အချိန်မှာမှ ဒီလူက သူလည်းမှားသေး ခြွေခကို တောင်းပန်ရန် ထွက်မလာတော့ ခြွေခစိတ်ထင်တိုင်း ပြုမူမိနေသည်။
ESTÁS LEYENDO
Parallel Season 1(Completed)