Thanks and Explanation

438 22 5
                                    

(Unicode)

ရှင်းလင်းချက်ဆိုပြီး သက်သက်ရေးလိုက်တာလေ ကိုယ့်အရေးအသား လိုအပ်ချက်ကြောင့် တချို့နေရာတွေကို နားမလည်နိုင်ဖြစ်နေမှာစိုးလို့ပါ။

-ပထမဆုံးအနေနဲ့ ကိုယ့်ဇာတ်ကောင်တွေကို ပုံဖော်ထားတဲ့ပုံစံလေးကို ပြောပြချင်ပါတယ်နော်။ အားလုံးပဲ ခန့်မှန်းမိကြမယ် ထင်ပါတယ်။ ဒီအထဲမှာ နွေလွင်ပြင်နဲ့အနန္တရဲ့dark sideကို အ‌ရင်းခံထားပါတယ်။ နွေလွင်ပြင်ရဲ့dark sideကတော့ ရှင်းပါတယ်။ သူ့ဘက်မှာ ရှ်ိမနေပေးခဲ့တဲ့အပြင် နားမလည်ပေးဘဲ ပစ်ထားခဲ့တဲ့ မိသားစုအပေါ်ကို အရွဲ့တိုက်တာပါ။ ဒါကြောင့်မို့လည်း သူ့မိသားစုတွေ ခေါင်းမဖော်နိုင်အောင်လို့ သူဆိုးနေခဲ့တာပါ။

နွေလွင်ပြင်ရဲ့စိတ်ကို အနန္တက နားအလည်ဆုံးလူလို့ ပြောလို့ရပါတယ်။ အနန္တက အဝေးမှာရောက်နေတာတောင်  နွေလွင်ပြင်ကို အမြဲစောင့်ကြည့်နေခဲ့ပါတယ်။ နွေလွင်ပြင်ဆိုးနေတာကို သူသိပေမယ့်လည်း သူမတားခဲ့ပါဘူး။ နွေလွင်ပြင်ကို သူလွှတ်ထားပေးခဲ့တာက နွေလွင်ပြင်ရဲ့စိတ်ချမ်းသာမှုကိုသာ သူလိုလားခဲ့တဲ့အတွက်ပါ။

-အနန္တရဲ့dark sideကတော့ နွေလွင်ပြင်ကြောင့် ပိုပြီး အားကောင်းလာရတာပါ။ နွေလွင်ပြင်နဲ့သူနဲ့က သူငယ်ချင်းတွေလည်းမဟုတ်တဲ့အတွက်ကြောင့် တစ်ယောက်နဲ့တစ်ယောက်  မ‌တွေ့ရတော့မှာစိုးရိမ်တဲ့အတွက် သူ့ခေါင်းထဲ ပေါ်လာသမျှ အကုန်လုံးကို ခိုင်လုံတဲ့ အကြောင်းပြချက်မရှိတဲ့ ပြိုင်ပွဲတွေအဖြစ်နဲ့ ပြောင်းလဲခဲ့ပါတယ်။ ခြွေခကတော့ ကံဆိုးစွာနဲ့ပဲ သူ့အတွက် နယ်ရုပ်တစ်ရုပ်ဖြစ်ခဲ့ရတာပေါ့။ ခြွေခကို ပြိုင်လိုက်နေတဲ့အချိန်မှာဆိုရင်လည်း သူဟာ နွေလွင်ပြင်နဲ့ခြွေခ အဆင်ပြေသွားမှာကို အရမ်းကြောက်နေခဲ့ရပါသေးတယ်။သူ့စိတ်ကို  Chapter-22မှာ ကြိုးထုံး၊ကျွန်တော်နဲ့ကလေးငယ်ဆိုပြီးတော့ ကိုယ်ဖော်ပြခဲ့ပါတယ်။

-ခြွေခကိုတော့ ခန့်မှန်းရခက်တဲ့ စိတ်ရှိသူအဖြစ်သာ ဖန်တီးထားပါတယ်။ ခြွေခဘာလို့ သူချစ်နေတဲ့သူကို ကွဲကွဲပြားပြားမသိရတာလဲဆိုရင် ခြွေခဟာ ပြောရရင် အချစ်ဆိုတာ ဘာမှန်းတောင် သေချာမသိပြီး ရည်းစားတစ်ခါမှတောင် မထားခဲ့ဖူးတဲ့သူပါ။ ဒါ့အပြင်လည်း သူ့ရဲ့ sexual orientationကဘာလဲဆိုတာ သေချာမသိပါဘူး။ ။ သူ့ဘဝထဲကို နွေလွင်ပြင်တို့ ရောက်မလာခင်က ခြွေခဘဝက သီချင်းတွေ၊fanတွေ၊မိသားစုနဲ့ ရင်းနှီးတဲ့သူငယ်ချင်းတွေနဲ့သာ ကုန်ဆုံးခဲ့တာပါ။ အဲ့တော့ တကယ့်တကယ်တမ်း ဘယ်သူ့ကိုချစ်နေမှန်း ရွေးရတော့မယ့်အချိန်မှာ သူမဝေခွဲနိုင်ဖြစ်ခဲ့ရတာပါ။

Parallel Season 1(Completed)Where stories live. Discover now