Chapter-7

374 42 0
                                    

(Unicode)

ခြွေခတစ်ညလုံး ခဲရာခဲဆစ် စဉ်းစားပြီးရလာတဲ့ အဖြေအရ နွေလွင်ပြင်ကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်ပါသည်။  အမှန်ဆို ခြွေခကိုသာ သူက ဘယ်နေရာမှာ အဆင်ပြေမလဲ မေးပြီးတော့မှ ခြွေခပြောတဲ့နေရာကို လာတွေ့ရမှာ မဟုတ်လား။

အခုတော့ ပိုင်စိုးပိုင်နက်နဲ့ သူ့စတူဒီယိုကို ချိန်းပြီး တွေ့ဖို့ခေါ်သည်။ ‌ခြွေခ မသွားဘဲနေလိုက်ပြီး ချေဖို့ စဉ်းစားသေးသည်။ နောက်မှ သူပြောတဲ့ စတူဒီယိုနာမည်က ခြွေခကို Photoshootကမ်းလှမ်းနေတဲ့ စတူဒီယိုဆိုတာ သိလိုက်ရတော့ မငြင်းသင့်ဟု စဉ်းစားမိသည်။

နောက်တစ်နည်းဖြင့်လည်း အပြင်မှာ တွေ့တာထက် သူ့စတူဒီယိုမှာသာတွေ့တာ ပိုသင့်လျော်မည်ဟု တွေးမိသောကြောင့်ပင်။ ခြွေခက အခုအချိန်မှာ နယ်ပယ်တစ်ခုကို လွှမ်းမိုးထားတဲ့သူ ဖြစ်နေတဲ့အလျောက် သတင်းသမားတွေကလည်း ‌တစ်ချက်ကလေး မှားလိုက်တာနဲ့  တစ်စိတ်ကိုတစ်အိတ် လုပ်ကြမည်ကိုလည်း မလိုလားပေ။ ခြွေခကို  ပိုးနေတဲ့ ယောကျာ်းလေးတစ်ယောက်နဲ့  ခြွေခနဲ့ တစ်ဝိုင်းထဲထိုင်နေတာကိုသာ မြင်ကြည့်ပါလား။ နေ့တောင်မကူးဘဲ Facebookတစ်ဖြစ်လည်း ဖွဘုတ်မှာ ပလူကို ပျံကုန်တော့မှာကျိန်းသေသည်။

တကယ်ဆို ခြွေခနဲ့နွေလွင်ပြင်နဲ့ တွေ့တာကို  တစ်ယောက်ယောက် မြင်ခဲ့လျှင်လည်း သူငယ်ချင်းအချင်းချင်း တွေ့ကြတယ်လို့ပဲ ထင်မှာဖြစ်သည်။နွေလွင်ပြင်က ခြွေခကိုလိုက်နေတယ်ဆိုတာ ဘယ်သူက အကြားအမြင်ရပြီး သိနိုင်မှာမို့လို့လဲ။ ဒါကို ခြွေခသက်သက်မဲ့ အစိုးရိမ်လွန်နေခြင်းသာ။

ဘဲလ်သံကြားလိုက်သည်နှင့်တပြိုင်နက် ဆိုဖာတွင်ထိုင်ပြီး  နိုင်းရှိန်ခကို စောင့်နေရာမှ ထလိုက်သည်။ နိုင်းရှိန်ခကတော့ အထဲမဝင်တော့ဘဲ အပြင်မှာ မတ်တပ်ရပ်ကာ စောင့်နေသည်။ အိမ်အပြင်ရောက်တော့ လာချနေကျ  အဖြူရောင်ဘူးများ တွေ့ရမလားလို့ လိုက်ကြည့်ပေမယ့်လည်း မတွေ့ရသောကြောင့် ပျော်သွားသလို ခံစားလိုက်ရ၏။

"ဒီနေ့တော့ ဘာမှမတွေ့ပါလားကွ"

"မတွေ့လေ ကောင်းလေ"

Parallel Season 1(Completed)Donde viven las historias. Descúbrelo ahora