Chapter-22

299 29 3
                                    

(Unicode)

ကြိုးထုံးတွေဟာ တစ်စထက်တစ်စ ပိုရှုပ်ထွေးလာခဲ့ပြီ။  ကျွန်တော်ကိုယ်တိုင် စပြီးရစ်ပတ်ခဲ့တဲ့ ဒီကြိုးထုံးက နှစ်အတော်ကြာလာတဲ့အခါမှာ ပြန်ပြီး ဖြေဖို့ရာ အစရှာမတွေ့လောက်အောင်ကို ဖြစ်နေပြီ။ ရှုပ်ထွေးနေသော ကြိုးထုံးကို ကျွန်တော်က ကလေးငယ်တစ်ဦးအား ဓားစာခံလုပ်ပြီးအရှုပ်ကို‌ဖြေရန် လက်လွှဲပေးခဲ့မိပြီလား။

ကလေးငယ်ဟာ မိမိဆီကိုရောက်လာတဲ့အန္တရယ်ကို မသိကျိုးကျွံပြုကာ ကြိုးထုံးလေးကို ပြေသွားဖို့အားကြိုးမာန်တက် ကြိုးစားနေတော့သည်။ ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ပုန်းလျှိုးကွယ်လျှိုးနိုင်လှသည့် စိတ်အစဉ်နဲ့ ဖန်တီးခဲ့သည့်ကြိုးထုံးကို မဖြေရှင်းချင်တာကြောင့် ကလေးငယ်ကို လွှဲပေးပြီး စောင့်ကြည့်နေသည်။

ကြိုးထုံးလေးကို ကနဦး ရစ်တွယ်ခဲ့စဉ်ကတည်းက မကောင်းတဲ့ရည်ရွယ်ချက်တစ်ခုက ကျွန်တော့် ဦးနှောက်ထဲမှာ ကိန်းဝပ်နေခဲ့လေတာကို ကြိုးထုံးလေးကတော့ မသိရှာပါ။ ကျွန်တော့်ရဲ့ ရစ်ပတ်မှုကို ကျေကျေနပ်နပ်ကြီး မငြူစူပဲ အရစ်ပတ်ခံရှာသည်။

ကျွန်တော့်ရဲ့ ယုတ်ညံ့သည့်စိတ်တွေ ကာလတစ်ခုအကြာမှာ ရင့်ကျက်လာမှုနှင့်အတူ ပျောက်ကွယ်သွားပြီးသည့်နောက်မှာတော့ ကြိုးထုံးလေးကို ကျွန်တော်အဝေးသို့ ‌လက်လွှတ်လိုက်ဖို့ တွေးမိပါသေးရဲ့။ သို့သော်လည်း  ကျွန်တော်ကိုယ်တိုင်ကိုက ကျွန်တော့်ကြောင့် ဖြစ်လာရတဲ့  ကြိုးထုံးလေးကို သံယောဇဉ်တွယ်မိနေပြီလေ။ ဘယ်လိုလုပ်ပြီး လွှတ်ချရက်မှာလဲ။

ကံကောင်းတာလား ကံဆိုးတာလား ဝေခွဲမရသည့်  ကံကြမ္မာကျီစားမှုကြောင့် ကျွန်တော့်ရဲ့ မျက်စိရှေ့ကို  ကလေးငယ်တစ်ဦးက မျက်စိလည် လမ်းမှားပြီး စိုက်စိုက်မြိုက်မြိုက်ကို ရောက်ချလာပြန်သည်။ ကျွန်တော်ကိုယ်တိုင်ကလည်း အလုံးစုံဖြူစင်ပြီး မေတ္တာတရားတွေပြည့်ဝနေတဲ့ လူသားတစ်ဦးမဟုတ်လေတာကြောင့်  ကလေးငယ်ကို ဓားစာခံလုပ်ရန် ကျွန်တော် လက်ယက်ခေါ်လိုက်မိသည်။

ကလေးငယ်က အပြစ်ကင်းစင်တဲ့သူလေး ဖြစ်လို့ထင်ပါရဲ့။ ကျွန်တော့်ရဲ့ မကောင်းသော မာယာကြွယ်ဝနေတဲ့ အတွင်းစိတ်ကို မမြင်ဘဲ ပြုံးရွှင်စွာပဲ ကျွန်တော့်ထံပါး အရောက်လှမ်းလာသည်။

Parallel Season 1(Completed)Where stories live. Discover now