(Unicode)
ည၁၀နာရီကျော် အချိန်ဖြစ်သည့်အတွက် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လူတွေက နေ့အချိန်လောက်ညမများပေ။ ခြွေခလည်း လေယာဉ်ပေါ်က ဆင်းတာနဲ့ စိတ်က ပိုပြီး ပျော်ရွှင်လို့လာတော့သည်။ ဖြစ်နိုင်ရင် သူ့ကို ညတွင်းချင်း သွားတွေ့လိုက်ချင်ပေမယ့် စိတ်ကိုထိန်းကာ မနက်မှပဲတွေ့ရန် ဆုံးဖြတ်ရတော့သည်။
ခြွေခအဖြစ်က ဘယ်သူ့ကို ချစ်နေမှန်းမသိခင်တုန်းကလည်း မသိလို့၊ သိပြီးနောက်ပိုင်းကျတော့လည်း သိပြီးလို့၊ သူ့ဆီပဲ စိတ်ကရောက်နေတော့သည်။ တော်တော်လေးကို အစိုးမရတဲ့စိတ်အား ခြွေခကိုယ်တိုင်လည်း နားကိုမလည်။
လေယာဉ်စီးလာရတော့ အိပ်ချင်မူးတူးဖြစ်ကာ ဖရိုဖရဲဖြစ်နေတဲ့ မျက်နှာကြောင့် ဘယ်သူမှန်း မမှတ်မိစေရန် ညဘက်ကြီးဖြစ်တာတောင် နေကာမျက်မှန်ကို မျက်နှာက မချတမ်းတပ်ထားသေးသည်။ ခရီးဆောင်အိတ်ကြီးဆွဲကာ နေကာမျက်မှန်အမည်းကြီးလည်း တပ်ထားပြီး မျက်နှာက ဘာကိုပြုံးမှန်းမသိ ပြုံးစိစိဖြစ်နေတဲ့ ခြွေခရဲ့ပုံစံက လူတွေအမြင်မှာ ယဉ်ယဉ်လေးနဲ့ရူးနေသည့်လူလို့ ထင်ကောင်းထင်မှာအမှန်။
ထွက်ပေါက်ကနေ လှမ်းကြည့်တော့ တစ်ဖက်ကားလမ်းတွင် မတ်တပ်ရပ်ကာ စောင့်နေတဲ့ နိုင်းရှိန်ခကို တွေ့လိုက်ရသည်။ ထို့ကြောင့် ခြွေခမှာ ဝမ်းသာအားရနှင့် ခပ်မြန်မြန်လျှောက်တာ ခြေခေါက်ပြီး ချော်လဲရှာလေတော့သည်။
ခြွေခစိတ်ထဲ မြေကြီးနှင့်မျက်နှာနှင့် မိတ်ဆက်ကာ အနည်းဆုံးတော့ မျက်နှာမှာ ဒဏ်ရာရသွားပြီး ဒူးပြဲလောက်သည်ဟု ထင်ထားသော်လည်း ထိုသို့မဖြစ်ဘဲ တစ်စုံတစ်ယောက်က သူ့လက်ကို အချိန်မီ လှမ်းဆွဲလိုက်ခြင်းခံလိုက်ရသည်။အရှိန်နှင့်ဆိုတော့ လက်ကို လှမ်းဆွဲလိုက်သည့် သူ၏ ရင်ခွင်ထဲသို့ ခြွေခမှာ အလိုလိုရောက်သွားရှာ၏။
ရုတ်တရက်လန့်ပြီး ခြွေခ ထိုလူ၏ရင်ခွင်ထဲက မထွက်မိသေးပါ။ ထိုသူ့မျက်နှာကိုသာ အတန်ကြာ စိုက်ကြည့်နေမိသည်။ထိုလူကလည်း ခြွေခကို ထိုနည်းလည်းကောင်း စိုက်ကြည့်နေသည်။ နှစ်ယောက်စလုံး၏ ယခုအနေအထားမှာ နောက်ခံဇာတ်ဝင်တေးလေးသာ ပါလိုက်ရင် ပြီးပြည့်စုံနေသည့် ကိုရီးယားဇာတ်လမ်းတွဲရဲ့ ဇာတ်ဝင်ခန်းတစ်ခုဟု ဆိုလို့ရလောက်မည်။
![](https://img.wattpad.com/cover/237330063-288-k178521.jpg)
KAMU SEDANG MEMBACA
Parallel Season 1(Completed)