(Unicode)
ခြွေခ ဒီနေ့ နွေလွင်ပြင်ချိန်းထားတဲ့photoshootလုပ်ရန် ရန်ကုန်တိရစ္ဆာန်ရုံထဲက ကစားကွင်းပျက်သို့ရောက်ရှိနေသည်။ ခြွေခ ဒိီဘက်ကို ငယ်စဉ်ကသာ ရောက်ဖြစ်ပြီး အရွယ်ရောက်ပြီးမှဆိုလျှင် အခုအခေါက်က ပထမဦးဆုံးအနေနဲ့ ပြန်လည်ရောက်ရှိခြင်းဖြစ်သည်။
ငယ်ငယ်တုန်းက မိသားစုတွေအတွက် အမှတ်တရကောင်းတွေကို ဖန်တီးပေးခဲ့သော ကစားကွင်းပျက်ထဲမှာတော့ တချို့နေရာတွေတွင် ခြုံတွေထူထပ်နေကာ တချို့နေရာတွေတွင်လည်း ရေညှိတွေတက်လိုတက်နှင့်ဖြစ်နေတော့သည်။ ဘယ်လောက်ပဲ ပျော်ရွှင်မှုတွေ ဖန်တီးပေးခဲ့ပါစေ အချိန်တန်ရင်တော့ စွန့်ပစ်ကြတာ လူ့သဘာဝပဲဆိုတဲ့ သဘောကိုလည်း ခြွေခတွေးမိသွားသည်။
ငယ်စဉ်အချိန်တုန်းက လာရောက်လည်ပတ်ရင် စီးနေကျ သူအကြိုက်ဆုံးမြင်းရုပ်လေးကို လိုက်ရှာပေမယ့် သူမမှတ်မိတော့ချေ။ ကလေးဘဝတုန်းက သဘောကျခဲ့တဲ့ အရာလည်းဖြစ်ပြန် ယခုအချိန်မှာ မမှတ်မိနိုင်လောက်အောင် ဆေးတွေကွာကျကာ ပျက်စီးစပြုနေပြီဆိုတော့ သူမမှတ်မိနိုင်တာမဆန်းပေ။
အတိတ်ရဲ့နေ့ရက်များမှာ Rollercoasterစီးကာ ပျော်ရွှင်မှုကြောင့်သော်လည်းကောင်း အသည်းယားစရာ ကြောက်လန့်မှုကြောင့်သော်လည်းကောင်း ထွက်ပေါ်လာသည့် စီးနင်းသူများ၏အော်သံများ၊ မိုးပျံပူဖောင်းကို စီးနင်းရန် စောင့်စားနေကြသော မိသားစုဝင်များ၊ ပင်လယ်ဓားပြလှေထက်မှ လိုက်ပါသူများ၏ အသံများကြောင့် စည်ကားလို့နေပေမယ့်လည်း ယခုလက်ရှိတွင်တော့ အရာရာဟာ ကစားကွင်းအတွင်း၌ တိတ်ဆိတ်လို့နေခဲ့ပြီ။
ပျက်စီးနေသော လက်မှတ်ရုံအဟောင်းများနှင့် တိုက်ကားဝင်းကြီးကလည်း အေးစက်မှုကို အတိဆောင်ကြဉ်းလျက်။ တစ်ယောက်တည်းသာ မမျှော်လင့်ဘဲ
ရောက်လာခဲ့မယ်ဆိုလျှင် ထိုသူအတွက်တော့ ကစားကွင်းဟောင်းရဲ့ ပတ်ဝန်းကျင်ဟာ ခြောက်ခြားဖွယ်ရာဖြစ်မှာ သေချာသည်။ခြွေခ ဒီနေ့ရိုက်ရမည့် conceptက devil conceptဖြစ်ပြီး နေရာရွေးသည်မှာလည်း နွေလွင်ပြင်သာ ရွေးထားခြင်းဖြစ်သည်။ Devilဆိုပေမယ့် သိနေကျ နတ်ဆိုးတွေလို အဆောင်အယောင်တွေဆင်ကာ ဝတ်ထားရတာမျိုးမဟုတ်ဘဲ လူသားစစ်စစ်တစ်ယောက်၏စိတ်ကို နတ်ဆိုးတစ်ကောင်က အပိုင်သိမ်းထားခြင်းခံရသော လူတစ်ယောက်ပုံစံအဖြစ်ရိုက်ရမည်။
YOU ARE READING
Parallel Season 1(Completed)