Chapter-26

394 41 4
                                    

(Unicode)

ခြွေခရဲ့အိမ်ရှိ ဧည့်ခန်းတွင် စကားမပြောဖြစ်ကြသေးဘဲ  ဒီအတိုင်း တိတ်ဆိတ်စွာ ထိုင်နေကြသော လူနှစ်ယောက်ရှိသည်။ ထိုသူများကတော့ ခြွေခကိုယ်တိုင်နှင့် သူ့ကိုဒိုင်ယာရီမိတ္တူပို့လာခဲ့ပေးသူတို့ပင်။

ခြွေခတစ်ယောက် ဒိုင်ယာရီကို အစအဆုံး သေချာဖတ်ပြီး‌တာတောင် သူမယုံနိုင်သေးပါ။ နဂိုကတည်းက ကိစ္စတစ်ခုကို လွယ်လွယ်ယုံလေ့မရှိသည့်သူ့အတွက် ဘက်ပေါင်းစုံကနေ စဉ်းစားပြီး အဖြစ်မှန်ကိုဖော်ထုတ်ရမည်။ အဖြစ်မှန်ကိုသိနိုင်ရန် အရေးကြီးသည့် သက်သေတစ်ဦးဖြစ်သည့် လူတစ်ဦးကလည်း ခြွေခရဲ့မျက်စိရှေ့သို့ ရောက်ရှိနေ‌လေပြီ။

"ကျွန်တော့်ကို ဘာလို့ ပို့ပေးရတာလဲ"

"ခြွေခ ဆက်ပြီး အရူးလုပ်ခံနေရတာရော လွင်ပြင့်ကို ဒီထက့်ပိုပြီး မခံစားစေချင်တော့တာကြောင့်ရောပါ၊ ဒါ ခြွေခ မဖြစ်‌မနေသိသင့်တဲ့ အမှန်တရားတစ်ခု ဖြစ်တာကြောင့်လည်း ပါပါတယ်"

"လွင်ပြင်နဲ့ ဘယ်လိုပတ်သတ်နေလို့ သူ့ရဲ့ဒိုင်ယာရီကိုတောင် မိတ္တူကူးလာနိုင်ရတာလဲ၊ ကျွန်တော်သိလို့ရမလား"

ထိုသူက တစ်ချက်ပြုံးလိုက်သည်။ထို့နောက် သူဆောင်းထားတဲ့ ဦးထုပ်ကိုချွတ်ကာ စားပွဲပေါ်သို့ ဖြည်းညှင်းစွာပဲတင်လိုက်သည်။ခုနက ဦးထုပ်ကို ငိုက်ကာ ဆောင်းထားသောကြောင့် သေချာမမြင်ရတဲ့ မျက်နှာမှာ ရှင်းလင်းစွာပေါ်ထွက်လာသည်။

ခြွေခ ဤမျက်နှာပိုင်ရှင်ကို တစ်နေရာရာမှာ မြင်ဖူးသည်ဟု ခံစားနေရသည်။ ဖက်ရှင်ရှိုးတစ်ခုသို့ ခြွေခသွားရောက်ကာ သီချင်းဆိုပေးခဲ့စဥ်က မြင်ဖူးခဲ့သည့်  မော်ဒယ်တစ်ဦးများ ဖြစ်နေမလား စိတ်ထဲမှာ မရေမရာနှင့်။

"ကျွန်တော့်ကိုယ်ကျွန်တော် အရင်ဆုံး မိတ်ဆက်ရမယ်ထင်တယ်၊ ကျွန်တော့်ကို ခြွေခကတော့ သေချာပေါက် သိမှာ မဟုတ်လောက်ဘူးထင်ပါတယ်၊ ကျွန်တော့်နာမည်က  လရိပ်ပြာပါ၊ ခြွေခကိုတော့ ကျွန်တော် သေချာသိပါတယ်၊ ပထမဆုံး အနီးကပ်မြင်ဖူးခဲ့တာတော့ ပွဲတစ်ခုမှာပါ၊ အခုကတော့ ဒုတိယအကြိမ်ပေါ့"

Parallel Season 1(Completed)Where stories live. Discover now