၂၀၀၄ခုနှစ်
"မေမေ သား တစ်ယောက်တည်း မသွားချင်ဘူး ။
မေမေ နဲ့ပဲ အတူတူ သွားမယ် ""သား မဆိုး နဲ့လေကွယ် "
အဝေးပြေးကား ပေါ် လိုက်ပို့ နေသော ဒေါ်ဇာဇာဝင်းသူ နှင့် ဇေလင်းမောင် ကို ခရိးသွားများကပင် ကွက်ကြည့် ကွက်ကြည့်ဖြစ်နေကြပြီ။ အလှမယ်တစ်ဥိး ဖြစ်ခဲ့ဖူးသော ဇာဇာဝင်းသူသည် သားတစ်ယောက်မိခင် ဖြစ်သွားတာတောင် လူများအလယ်မှာ ထူးခြားစွာဖြင့် ပေါ်လွင်ထင်ရှား နေဆဲဖြစ်သည်။
ငယ်ငယ်ကတည်းက အလိုလိုက် ခံရသော ဇေလင်းမောင်သည် မိဘများ အပေါ် ကြုံရင်ကြုံသလိုဆိုးချင် သည်။
" မသိ့ဘူး ဗျာ ၊ မေမေ ပါမှ သား သွားချင်တာ "
"မေမေ ရဲ့ သူငယ်ချင်း အဆောင်မှူးလည်း ကားဂိတ်ကစောင့် နေမှာ ပဲ သားရယ် ၊ သားဖေဖေ နေမကောင်း လို့ သားကို တစ်ယောက်တည်း လွှတ်ရတာပါ၊ သားကလည်း မေမေ့ စကားနားထောင်ပါ နော် နော်"
"ဒါဆို မေမေ သားတစ်ယောက်တည်း သွားရမှာကို စိတ်ချတယ်ပေါ့ "
မနက် စောစောစိးစိး သား၏ ရစ်မှုကြီး ကြောင့် ဒေါ်ဇာဇာဝင်းသူ၏ စိတ်သည် ပုံမှန်အတိုင်း ကြည်လင်မနေတော့ချေ။ သားကို တစ်ယောက်တည်း လွှတ်ရခြင်းမှာ စိတ်ချလွန်းခြင်းကြောင့် မဟုတ် ၊ဦး ဇေထွဋ်မောင် နေမကောင်းဖြစ်နေနေသောကြောင့် ဖြစ်သည်။ သားကျောင်းတတ်မယ့်မြို့မှာ ခရိးအကွာအဝေးအနည်းငယ် လှမ်းသော်လည်း ကားတစ်တန် စိးလျှင် ရောက်သည်။ တခြားလူများနှင့် ပူးကပ်ရခြင်းကို လုံးဝ မကြိုက်သော သား၏ အကျင့်ကြောင့် ကားစိးရသောခရိးကို သက်တောင့်သက်သာ ရှိ့စေဖို့ ထိုင်ခုံ နှစ်ခုတောင် ယူပေးလိုက်သည့်အထိ့ ဒေါ်ဇာဇာဝင်းသူ သည် ဇေလင်းမောင် ကို အလွန်တရာဂရုစိုက်သည်။
"သား - - မေမေ ကို စိတ်တိုအောင် မလုပ်နဲ့ လေ ကွာ "
"မသိ့တော့ ဘူး မေမေရာ "
"သား သွားလိုက်နော် ၊
သားမသွားရင်မေမေ စိတ်ဆိုးမှာ
မေမေ စိတ်ဆိုးလိုက်ရမလား--ပြော
လိမ္မာပါတယ် နော် မေမေ့သားက "
YOU ARE READING
Spring Of Breeze (Completed)
Teen Fictionအချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို့ အချစ်ဆုံးလို့လည်းထပ်ခေါ်မယ် ။