အပိုင်း(၁၀)နောက်ဆုံးအပြုံးလေး(uni/zgi)

1.6K 196 19
                                    

နဝမတန်း စာမေးပွဲပြီးတဲ့ နေ့ ဖြစ်သည် ။

"သားတို့ သမိး တို့ အတွက် ဆရာမကြိး တစ်ခုစီစဉ်ထားတယ် ဘာလဲသိ့လား
ဒီနေ့ပျော်ပွဲစားထွတ်ကြမယ် အထုတ်သွားပြင်ကြ "

"ရေး ----"

"တိတ်တိတ် နေကြဥိး ၊ သားတို့ သမိးတို့က နောက်နှစ်ဆိုရင် ဆယ်တန်းရောက်မှာ ဆယ်တန်းရောက်ရင် ဘာမှလည်းသွားရတော့မှာ မဟုတ်တော့ဘူး ၊ဆရာမကြိးတို့လည်း ဘာကိုမှ မလွှတ်ဘူး ၊ ဒါကြောင့် ဒီနှစ်ကတည်းက သွားထားရမယ် "

"ဟုတ်ကဲ့ ပါ----"

"အခုသွားရမှာ နှစ်ညအိပ်ခရိး ဖြစ်လို့ အဝတ်အစားအပိုတွေယူလာခဲ့ကြ ရမယ် ။ကမ်းခြေနဲ့အဆင်ပြေတာလေးတွေ ယူလာလို့ရတယ် ၊ ကမ်းခြေမှာ ရေကူးကြမယ် ၊ ကျောက်ဆောင်တွေ ကိုလည်ပတ်ကြမယ် ၊ ရေတံခွန်ကိုလည်း လိုက်ပို့ပေးမယ် ၊

တစ်ခုတော့ရှိ့တယ် သန်ဘက်နေ့ နေလယ်ပိုင်းအိမ်ကိုပြန်တဲ့ လိုင်းကားအမှီ ပြန်လာကြရမယ် "

ဆရာမကြိးအစီအစဉ်ဖြင့် ဆရာဆရာမများက ကျောင်းသူ ကျောင်းသား ၁၀၀ ခန့်ကို ပျော်ပွဲစားထွတ်ဖို့ ပြင်ဆင်ပေးကြသည်။ ဟိုက်ဂျက်ကားခုနစ် စိးငှါးထားသဖြင့် ခရီးသွားရာတွင် ကျောင်းသားအားလုံး သက်တောင့်သက်သာ ရှိ့သည်။မြို့နှင့် ပင်လယ်ကမ်းခြေသည် အတော်အတန် အလှမ်းဝေး သဖြင့် ကားလမ်းမပေါ်တွင် ၄ နာရီခန့် ပင်ကြာသွားသည်။ သို့သော် တောတောင်တွေကြားမှာ ကားစီးရသော ခံစားချက်သည် ဘာနဲ့မှမလဲနိုင်အောင် ထူးခြားလှသဖြင့် အချိန်အကြာကြီး ကာစီးရခြင်း‌ အပေါ် စိတ်မပျက်မိ။ ပေါ့ပေါ့ပါးပါး နွေရာသီ အဝတ်အစားများဝတ်ဆင်ထားသော ကျောင်းသား ၊ကျောင်းသူများသည် နွေဥိးရဲ့ပန်းပွင့် လေးတွေလို လန်းလန်းဆန်းဆန်း ရှိ့‌ နေကြ သည်။

ကုန်လုပါးဆောင်းအလှနဲ့ နွေဥိးရာသီတို့၏ အလှကို ပေါင်းစပ်ထားသော ဒီအချိန်ဒီ ကာလ သည် အလွန်ပင် လှပလွန်းလှသည်။

အနောက်ဘက်မှ တောင်ပြာတန်းကြိးကို နောက်ခံ ထားထားသော မြင်ကွင်းထဲတွင် မျက်စိ့တစ်ဆုံး ကျယ်ပြောလှသောမြက်ခင်းကျယ်ကြိး နှင့် စိမ်းမြမြ ယာခင်းယာတော အချို့ ရှိ့သည်။ တောင်တန်းတွေကြားက ထိုးထွတ်လာသော ကားလမ်းမသည် မြက်ခင်ပြင်များ၏ အလယ်အူကြောင်းကို တည့်တည့်ဖောက်ထားသလိုရှိ့‌ သည်။တောတောင်ပတ်ဝန်းကျင်များကို ကြည်နူးနေခိုက် ခပ်လှမ်းလှမ်း အကွာအဝေးတွင် ရှိ့သေးသော ပင်လယ်ကြီးဆီမှ လှိုင်းပုတ်သံများက စိတ်အာရုံထဲ ပျံ့လွင့်ဝင်ရောက်လာသည် ။

Spring Of Breeze (Completed)Where stories live. Discover now