အပိုင်း(၁၅)မင်းမဟုတ်ခဲ့ဘူး (uni/zgi), mature

1.6K 199 15
                                    

"ထက်စစ် ---ထက်စစ် ဟုတ်တယ်မလားဟင်"

အမေးခံရသော လူငယ်က ကြောင်ကြည့်ပြီး ဇေလင်းမောင်ကို စကားဆိုသည် ။

"အကို လူမှားနေပြီနဲ့တူတယ် "

"ဆောရီး ---"

အရေးကြိးနေသည့်အထဲ လူမှား‌ နေခြင်းသည် အလွန်ပင် ခံပြင်းဖို့ကောင်းသည်။

လူမှားခံရသော ထိုကောင်လေးမှာ ကြောင်အ လျှက် ရပ်ကျန်ခဲ့သည်။ ဒီနေ့ကံကောင်းနေတယ် အရမ်းချောတဲ့လူတစ်ယောက်ကို ငါ အနိးကပ်မြင်လိုက် ရတယ် ။

ဘေးပတ်ဝန်းကျင်အနှံ့ ဇေလင်းမောင် လိုက်ရှာခဲ့ သော်လည်း ထိုလူသားကို ရှာမတွေ့တော့ပေ ။ လမ်းကွေ့တွေ လမ်းကြားတွေ ဇေလင်းမောင် ရှာနိုင်သမျှ အားလုံးကို လိုက်ရှာသော်လည်း ထက်စစ်နဲ့တူသော အရိပ်အယောင်ပင် မထပ်တွေ့ရတော့ ။ လမ်းထောင့်တစ်နေရာ အရောက်တွင် ဇေလင်းမောင် ထိုင်ကာ အားကုန်ငိုချလိုက်သည် ။ စိတ်နာ၍ ငိုခြင်းမဟုတ် ၊ အရမ်းလွမ်းနေလို့ ၊ ပြီးတော့ အရမ်းတွေ့ချင်နေလို့ ။

ထက်စစ် --- ဒီလိုဖြစ်မယ်မှန်းသာသိ့ရင် ငါမင်းကို ချစ်တယ်လို စောစောပြောခဲ့မိပါတယ် ။
မောင်လို့ခေါ်ပြီး မင်း ငါ့ဆီပြန်လာပါဦးလား ။

စိတ်ပင်ပန်းနေပေမယ့် မေမေ့ အလုပ်ရုံကို သွားဖြစ်အောင်သွားကာ မေမေ့ အလုပ်သမားတွေကို လစာပေးပြိး အိမ်ကိုစောစောပြန်လာခဲ့သည် ။ဒီနေ့ခံစားချက် တွေ တကယ် မကောင်းဘူး ။ ထမင်းစားချင်စိတ်လည်း မရှိ့သဖြင့် ဇေလင်းမောင် ဒီအတိုင်းအိပ်ရာပေါ်လှဲပစ်လိုက် သည် ။

ဇေလင်းမောင်ရဲ့ အိပ်ခန်းနံရံမှာ ထက်စစ်နှင့်‌ ဇေလင်းမောင်တို့ ငယ်ငယ်တုန်းက ရိုက်ထားခဲ့သည် အမှတ်တရ ဓာက်ပုံ‌ လေးကို ပုံကြိးချဲ့ကာကပ်ထားသည်။ ထိုဓာက်ပုံရိုက်ခဲ့သည့် အချိန်သည် ၂၀၀၄ ခုနှစ်တုန်းက ဖြစ်ပြီး ယခုဆိုလျှင် ထိုပုံ၏ သက်တမ်းသည် ၉ နှစ်ကျော် ၁၀ နှစ်နီးပါးတောင် ရှိ့နေခဲ့ပြီ ။

ငယ်ငယ်တုန်းကအမှတ်တရတွေကို မနေ့တစ်နေ့က အဖြစ်အပျက်တွေလို မြင်ယောင်ကာ ဇေလင်းမောင် လွမ်းမိသည်။ အတိတ်မှာ တကယ်ကောင်းမွန်တဲ့ အမှတ်တရတွေ ရှိ့သည်။ ကျောင်းပြတင်းပေါက်ဘောင်ပေါ် ထိုင်ပြီး လူမိုက်အပြုံး ပြုံးပြတတ်သည် ထက်စစ်ဟန် ကို ဇေလင်းမောင် သိပ်မြတ်နိုး‌ ခဲ့တယ် ။ ဆောင်းညတွေမှာ ချမ်းတယ်ဆိုပြီး ဇေလင်းမောင်ကုတင်‌ပေါ် ထက်စစ်ဟန် မကြာခဏ ရောက်လာတတ်တာကို ဇေလင်းမောင် မမေ့ဘူး။ အတိတ်ကို အိပ်မက်အဖြစ် ပြန်မြင်ရတဲ့ ညတွေမှာ ဇေလင်းမောင် ထငိုတတ်သည်။

Spring Of Breeze (Completed)Where stories live. Discover now