အပိုင်း(၁၆)ပြန်ဆုံကြပြီ(uni/zgi)

1.4K 193 37
                                    


၂၀၁၈ ခုနစ်

ဇေလင်းမောင် အသက် ၂၆ နှစ်ဖြစ်ခဲ့ပါပြီ ။ မနှစ်က ဆေးကျောင်းပြီးတယ် ၊ master ,phd , ဒါတွေကို ဆက်မတတ်ချင်တော့တာကြောင့် နယ်ကို တာဝန်ထမ်းဆောင်ဖို့ လျှောက်ထားခဲ့တယ် ။လျှောက်ထားတဲ့အတိုင်း ကချင်ပြည်နယ်က မြို့ငယ်လေးတစ်ခုမှာ တာဝန်ကျတယ် ။ရိုးသားလှတဲ့ ဒေသခံတောင်သူလယ်သမားတွေ ကူညီတတ်တဲ့ ဆရာဝန်ကြီးရယ် ဒါတွေကြောင့် ဇေလင်းမောင် အပူအပင်ကင်းကင်း နဲ့ တာဝန်ထမ်းဆောင်ခွင့်ရခဲ့တယ် ။နယ်မြေအနေအထားအရ မြစ်ကြိးနားနဲ့လည်း သိပ်မဝေးတာကြောင့် ကုန်ပစ္စည်းဈေးနှုန်းတွေကလည်း ပြည်မနဲ့ သိပ်မကွာဘူး ။

ဒီနှစ်မှာ မေမေ အသက် ၅၂ နှစ်နှစ်ဖြစ်နေခဲ့ပြီ ။ညီမလေး နွေစိမ်းရောင်လည်း မေမေ့အတွက် အားကိုးအားထားရာလေး ဖြစ်နေခဲ့ပြီ ။ယခုဆိုလျှင် ညီမလေးလည်း တက္ကသိုလ် တတိ့ယ နှစ်တောင်ရောက်နေပြီ ။ညီ‌မလေး ရောက်လာ ပြိးနောက် မေမေ့ စိးပွါးရေးလည်း ပိုမို အောင်မြင် လာခဲ့သည်။ ကောင်းသောလာခြင်းများဖြင့် လာခဲ့သည့် ညီမလေးသည် ယခုဆိုလျှင် မေမေ့သမိးအရင်း လို ဖြစ်နေခဲ့ပြီ ။ပတ်ဝန်းကျင်ကိုလည်း သမိးအရင်းလို့သာ မေမေ အသိ့ပေးထားသည်။

ကျော်ထက်က သူ့အဖေပိုင်ဆေးရုံမှာ ဝင်လုပ်ရင်း အရိုးအထူးကုဖြေဖို့ ပြင်ဆင်နေသည် ။ကျောင်းပြီးတဲ့နှစ်က ကျော်ထက်ရဲ့စေ့စပ်ပွဲကိုလည်း ဇေလင်းမောင် သွားလိုက် ရသေးသည်။မိသက်လည်း ကိုရိးယားမှာ ကိုးရီးယား ကောင်လေးချောချော တစ်ယောက်နဲ့ အိမ်ထောင်ကျ သွားလေပြီ ။သို့သော် သူ့ဗီဇအတိုင်း ကောင်လေး ချောချောတွေ တွေ့လျှင် လင်ပေးစား၍ ကောင်းနေတုန်း ။ဘာပဲဆိုဆို မိသက်လည်း အဆင်ပြေသွားခဲ့ပြီ။

ဇေလင်းမောင်တို့ ဆေးရုံမှာ အသက် ၃၆ နှစ်အရွယ်ဆရာဝန်ကြိး တစ်ယောက်ရယ် ၊ ဇေလင်းမောင်တစ်ယောက်ရယ် ၊ ပြိးတော့ nurses လေးယောက်ရယ် အားလုံးပေါင်း ခြောက်ယောက် ရှိ့သည် ။ဆေးရုံနဲ့ မလှမ်းမကမ်းမှာ မိသားစု အဆင်ပြေပြေနေနိုင်သော အိမ်သေးသေး ၅ လုံးရှိ့သည်။ ဆေးရုံခွဲတမ်းအရ တောင်ကုန်းပေါ်က အိမ်ကို ဇေလင်းမောင် ရသည် ။အမြင့်မကြိုက်သော ဆရာဝန်ကြိးက တောင်ကုန်းပေါ်က အိမ်ကို ဇေလင်းမောင်ကိုပေးသည် ။အိမ်ရဲ့ တောင်ဘက်တွင် ဆေးရုံနှင့် မြို့ ရှိ့ပြီးတော့ ကြည်မဆုံးကျယ်ပြောလှသည့် လယ်ကွင်းပြင်များ နဲ့ မေခမြစ်ကိုလည်း မြင်ရသည်။အိမ်ရဲ့မြောက်ဘက် အရပ်မှာတော့ ယာခင်းတွေနဲ့တောင်တန်းတွေ ရှိ့တယ်။

Spring Of Breeze (Completed)Where stories live. Discover now