ထက်စစ်ဟန်အိမ်ကထွတ်သွားပြီးနောက် ဇေလင်းမောင်ရဲ့ နေ့စဉ် ဘဝဟာ တဖန် ပြန်၍ခြောက်ကပ်သွားခဲ့သည်။
ညဘက်ဆို လွယ်လွယ်နဲ့ အိပ်မပျော် တာကြောင့် ဇေလင်းမောင် အိပ်ဆေးတွေ ဆောင်ရလောက်တဲ့ အထိ့ဖြစ်လာတယ် ။ အစာစားချင်စိတ်လည်း လုံးဝ မရှိ့တော့သလို ဒီရက်ပိုင်းအတွင်း လူလည်း ပိန်ချုံး ကျသွားတယ် ။
မေမေ့ ၏ အကျပ်ကိုင်မှုကြောင့် ဇေလင်းမောင်လည်း ပြင်မထွတ်ရ၊ ထက်စစ်ကို လည်း လိုက်မရှာရ ။
တကယ်တမ်းဆို ဇေလင်းမောင်သည် ထက်စစ်ကို ပြောမပြတတ်အောင်လွမ်းပြီး အမြန်ဆုံး ပြေးတွေ့ချင်မိ ပြီဖြစ်သည်။
ထက်စစ်ဟာ ဇေလင်းမောင် ဘဝအတွက် ဒုက္ခမီးတောက်လေးတစ်ခု ဖြစ်နေခဲ့ရင်တောင်မှ ဇေလင်းမောင် အနာကျင်ခံကာ ဆက်လက် ပွေ့ပိုက်ထားဦးမည့် မီးတောက်လေး တစ်ခု ဖြစ်သည်။
ထက်စစ်နေရာမှာ မည်သူကိုမှ အစားထိုးဖို့လည်း မကြိုးစားဖူးသလို မည်သူ့ကိုမှလည်း အစားထိုးနိုင်မည် မဟုတ်ဘူး ဆိုတာကို မေမေ မသိ့ဘူး။
ထိုသို့ဖြင့် ဇေလင်းမောင် တစ်ချိန်လုံး အိပ်ခန်းထဲကမထွတ်ပဲ နေသည် ။
"သား -- ထမင်းစားပါအုံးလား "
"သား မဆာလို့ပါ မေမေ "
"မဆာလို့ရမလား သားဘာမှ မစားပဲ နေနေတာ ဘယ်နှစ်ရက် ရှိ့သွားပြီလဲဟမ် "
"----"
"သား-----!!"
"သားကို ဒီအတိုင်း ပစ်ထားပါ --"
"နင်သိပ်ဆိုးတယ် --"
ဒီရက်တွေမှာ ဒေါ်ဇာဇာဝင်းသူလည်း စိတ်မချမ်းသာခဲ့ရဘူး။
"---"
"သား စားမယ်ဆို စားလို့ရအောင် မေမေ စားပွဲ ပေါ် တင်ထားခဲ့မယ် "
"အင်း --"
ဒီလိုနေ့ရက်တွေလွန်လာတဲ့ တစ်နေ့မှာ မေမေ မေ့လဲကာ ဆေးရုံတင် လိုက်ရ သည်။နှလုံးရောဂါ ဟုသိ့ရပြီး မေမေ့ နှလုံးရောဂါကို ဆရာဝန်တွေကလည်း လက်လျော့ထားတာ ကြာပြီ ဟုလည်း ဇေလင်းမောင် ထပ်မံ သိ့လိုက်ရသေးသည်။
YOU ARE READING
Spring Of Breeze (Completed)
Teen Fictionအချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို့ အချစ်ဆုံးလို့လည်းထပ်ခေါ်မယ် ။