Final (ပုံပြင်လေးပြီးပြီ)uni/zgi

4.8K 248 23
                                    

ဇေလင်းမောင် သူ့ဆီပြန်ရောက်လာမှာကို ထက်စစ် အတိ့အကျ သိ့နှင့် နေခဲ့တယ် ။ တောင်ပေါ်မြို့လေးက အိမ်လေးမှာ မောင့်ကို စောင့်မျှော်နေရင်း ထက်စစ်ရဲ့ နေရက်တွေ ကုန်ဆုံးစေခဲ့တယ် ။ နွေးထွေးအေးချမ်းမှုတွေ ပေးစွမ်းနိုင်တဲ့မောင်ဟာ ထက်စစ်ရှိ့ရာ တောင်ပေါ် မြို့လေးကို နွေဦးရဲ့လေပြေလေးနဲ့အတူတူ ရောက်အောင် လာလိမ့်မည်။ နွေဦးမှာ ပန်းတွေ စုံအောင် ပွင့်ကြတယ် ။ ဒါပေမယ့် မောင်ဟာ သူပေးခဲ့တဲ့ ပန်းလေးသုံးပွင့်အစား တစ်ဘဝလုံးကို အလျှော်ပြန်ပေး လာလိမ့်မည်။

ဇေလင်းမောင် သူ့ဆီပြန်ရောက်လာမှာကို ထက်စစ် အတိ့အကျ သိ့နှင့် နေခဲ့တယ် ။ တောင်ပေါ်မြို့လေးက အိမ်လေးမှာ မောင့်ကို စောင့်မျှော်နေရင်း ထက်စစ်ရဲ့ နေရက်တွေ ကုန်ဆုံးစေခဲ့တယ် ။ နွေးထွေးအေးချမ်းမှုတွေ ပေးစွမ်းနိုင်တဲ့မောင်ဟာ ထက်စစ်ရှိ့ရာ တောင်ပေါ် မြို့လေးကိ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

မြက်ရိုင်းတွေပေါတဲ့ တောင်ကုန်းလေးပေါ်မှာ ထက်စစ်နေတဲ့ အိမ်လေး တည်ရှိ့ပြီး ဘေးဘီဝန်းကျင်ကို လည်း တောင်ပြာတန်းကြီးတွေ ဝန်းရံလျှက်ရှိတယ် ။ အဆုံးအစမဲ့ တဲ့ ကောင်းကင်ပြာကြီး အောက်မှာ မခိုင်ခံ့တဲ့ သစ်သား ခြံစည်းရိုးနဲ့အတူ ထက်စစ်ရဲ့ အိမ်လေး ဟာ ယိုင်နဲ့နဲ့ ။ အိမ်အဝင် မြေနီလမ်းရဲ့ နံဘေးမှာတော့ တောရိုင်းပန်း ဝါဝါလေးတွေက ဖူးပွင့် လျှက်။

ဟိုးအဝေးသို့အထိ တောင်တန်းတွေ ရှိ့တယ် ၊ ဒီ တောင်တန်းတွေရဲ့အလွန်မှာတော့ မောင်ရှိ့တဲ့ မြေပြန် ရှိ့တယ် ။ အိမ်ရှေ့ဘက်ခြံစည်းရိုးနားမှာ‌တော့ တစ်စုံတစ်ဦး ပြန်အလာ ကို ထက်စစ် စောင့်မျှော်‌ နေခဲ့တယ် ။

မေပယ်ရွက် လေးတွေ ကြွေကျသွားတဲ့အထိ့
အနောက်ဘက် စမ်းချောင်းလေးနံဘေးက
မိုးမခပင်ကြီး စိမ်းစိုသွားတဲ့အထိ့
မျှော်နေသူတစ်ယောက် ရောက်မလာသေးဘူး။

စောင့်မျှော်နေရတဲ့ ဆောင်းရက်တွေ လွန်လာပြီး
နေသာနေတဲ့ နွေဦးတစ်ရက်မှာ‌ တော့
အကြင်နာတွေ တစ်ပွေ့တစ်ပိုက်နဲ့အတူ
မောင်ဟာ ပြန်ရောက်လာခဲ့တယ် ။

Spring Of Breeze (Completed)Where stories live. Discover now