အပိုင်း(၉)လာမနမ်းနဲ့(uni/zgi)

1.7K 194 12
                                    

"ဟေ့ကောင် ဇေလင်းမောင် မင်းကိုယ်မင်း ဟုတ်လှပြီလို့ထင်နေတာလား "

ပုံမှန်နှောင့်ယှက်နေကျကောင်များလည်း ရှိ့သဖြင့် ထိုသို့ပြောနေကြသော သူတွေကို ဇေလင်းမောင်
မထူးဆန်းလုပ်မ‌နေတော့။ ထက်စစ်ဟန် ရှိ့တဲ့အချိန်တွေမှာ ဇေလင်းမောင်ကို ဘယ်သူမှ လာ မနှောက်ယှက်ရဲကြပေမယ့် ထက်စစ်ဟန် မရှိ့တဲ့အချိန်တွေမှာ လာနှောက်ယှက် လေ့ရှိ့ ကြသည်။

အခုလည်း ထက်စစ်ဟန်နေမကောင်း၍ ကျောင်းတစ်ချိန် ဆင်းသွားသည်ကို အခွင့်ကောင်းယူကာ မင်းဘုန်းရှိန်တို့လူမိုက်အုပ်စု ဇေလင်းမောင်ကို တမင် လာညစ်ကြခြင်းဖြစ်သည်။ပြဿနာရှာတတ်လွန်းသော ထိုကောင်တွေကို ဇေလင်းမောင် ဘာတစ်ခုမှမတုံပြန်ချင်၍ စကားပြန်ပြန်မပြောပဲ အေး‌အေးဆေးဆေး ငြိမ်နေသည်။ သူတို့ ရန်စနေသော်လည်း ဇေလင်းမောင်ဘက်ဘ ဘာမှမတုန့်ပြန်လျှင် သူတို့လည်း ကြီးကြီးမားမား ပြဿနာ မရှာနိုင်ဟုလည်း ဇေလင်းမောင် ယုံကြည်ထားသည်။

"ဟေ့ကောင် ပိုးဟပ်ဖြူ ငါပြောနေတာမကြားဘူးလား "

"ငါမင်းနဲ့ ထက်စစ်ဟန်အကြောင်းကို အတန်းထဲက လူတွေ အားလုံး သိ့အောင်ပြောလိုက်ရမလား "

"မင်း အရှက်ရမှာစိုးလို့ ငါမပြောချင်ဘူးနော် "

"ဟေ့ကောင် ပိုးဟပ်ဖြူ ငါတို့ကို တစ်ခုခု ပြန်ပြောဦးလေကွာ "

"မင်းက မတူမတန်သလိုနဲ့ ငါတို့ကို စကားပြန်မပြောဘူးပေါ့ ၊ မင်းဘယ်လောက်တော်နေလို့လဲ ပြောစမ်းပါဥိး "

"ဝိုင်းထိုးကြကွာ ---"

အတန်းထဲတွင် စာတော်‌သောသူသည် လူအများ၏ အမုန်းကို လည်း ခံရလေ့ရှိ့သည်။ စာတော်လွန်းသော ဇေလင်းမောင်ကို သူတို့အဖွဲ့က ကြည့်မရတော့တာကြာပြီဖြစ် သဖြင့် ဒီနေ့ လာပြီး ပြသနာ ရှာကြခြင်းဖြစ်သည်။

မိဘများသည် သားသမိးများကို စာမကြိုးစား၍ ဆဲဆိုစရာ ရှိ့လျှင် အဆင့်၁ယူထားသော ဇေလင်းမောင်နဲ့ခိုင်းနှိုင်းကာ ဆဲဆိုလေ့ရှိ့ကြသည်။ မိဘတွေဆိုတာလေ ကိုယ့်သားသမီးကို ကို ဆုံးမတာ‌တောင် သူများနာမည်မပါပဲ ဆုံးမတတ်တယ်လို့ မရှိ့ဘူး။

Spring Of Breeze (Completed)Donde viven las historias. Descúbrelo ahora