အပိုင်း(၁၈.၆)ညီမမင်္ဂလာဆောင်(uni/zgi)

1.8K 176 10
                                    

Author note/ 18.5 (18+) က ရေးပြီးမှ ရှက်လာလို့ unpunished လိုက်ပါပြီ 🥺🥺
24.8.2023

နွေစိမ်းရောင်၏ မင်္ဂလာပွဲကို နာမည်ကြီးဟိုတယ်တစ်ခုတွင် ကျင်းပသည်။ မေမေ၏ စီးပွါးရေးအသိုင်းအဝိုင်း နှင့် သတို့သား၏ မိသားစု အရှိန်အဝါကြောင့် မင်္ဂလာပွဲသည် အလွန်တရာ စည်ကားလွန်းလှသည်။မေမေ့မျက်နှာကား ပီတိ့ဝေဖြာကာ ပြုံးနေသည်။ ကျွန်တော့်သူငယ်ချင်း ယောင်္ကျားလေး များက မတော်လိုက်ရသော ယောက်ဖမျက်နှာထောက်က လာရောက်ကြပြီး ၊ မိန်းကလေး သူငယ်ချင်းများက ယောက်မလေး ပွဲဆိုကာ လာရောက်ကြသည်။

ဒေါ်ဇာဇာဝင်းသူကား ဇေလင်းမောင်၏ချော နေမှုကြီးကြောင့် အမြဲ ဂုဏ်ယူနေခဲ့တယ် ။

"မထားရေ ၊ ဒါက ကျွန်မပြောပြောနေတဲ့ ကျွန်မရဲ့သား "

"ဇာဇာ့သားလား ၊ ချောလိုက်တာ
ဟို ဆရာဝန် ဆိုတာမလား "

"ဟုတ်တယ်လေ ၊ ကျွန်မသားက အခုထိ့လူပျိုကြိးပါပဲရှင့် ၊ ရည်းစားလည်းမထားသေးဘူး အသက်က ၂၇ "

"အယ် ၂၇ လို့မထင်ရဘူး ၊ ဒီလောက်ချောနေမှ ငါ့သမိးနဲ့သဘောတူတယ်တော့ "

"သားလာပါဦး ၊ ဒါက မေမေ့လုပ်ဖော်ကိုင်ဖက် ဒေါ်ထားထားသက် "

"မင်္ဂလာပါ အန်တီ "

"ဟယ်ကြည့်ပါဦး ယဉ်ကျေးလိုက်တာ ဇာဇာရယ် ၊
အေး အေး မင်္ဂလာပါသားရေ ၊ အန်တီမှာလည်း သားအရွယ် သမိးလေးတစ်ယောက်ရှိ့တယ် သားနဲ့သဘောတူပေးမလို့ "

"မေမေကတော့ နောက်နေပြီထင်တယ် -"

"ဘယ်မှာနောက်လို့လဲသားရေ -- "

မေမေနှင့် အန်တီထားတို့အနီးတွင် ဇေလင်းမောင်အလိုက်သင့်ပြောပေးရင်း နေနေရသည်။

မင်္ဂလာပွဲကို သူငယ်ချင်းတွေရောက်လာကြ သောအခါမှ မေမေ့ဘေးက ဇေလင်းမောင် ထွတ်ဖို့ရသည်။ မင်္ဂလာ‌ပွဲ၏ ထောင့်ကျကျ နေရပ်မှာ ထက်စစ်ထိုင်နေသည် ။ သူ့ထံပါး လာရောက်သည့် မောင့်ကို မြင်တဲ့အခါ ထက်စစ် ခပ်ပါးပါးလေး ပြုံးပြလိုက်သည် ။

"ထက်စစ် တစ်ယောက်တည်း ပျင်းနေပြီလား --"

"မပျင်းပါဘူး -- ဟိုမှာမောင့်သူငယ်ချင်းတွေရောက်လာကြပြီ သွားနှုတ်ဆတ်လိုက်ဦး "

Spring Of Breeze (Completed)Where stories live. Discover now