အပိုင်း(၈) နှလုံးသားမှာ အချစ်တွေရှိ့တယ်(uni/zgi)

1.6K 256 23
                                    

၂၀၀၈ခုနှစ် ၊ဇန်နဝါရီ ၆ရက် (တနင်္လာ နေ့)

"Happy brithday ပါ ဇေလင်းမောင် "

ကိုးတန်းနှစ်ရဲ့ ဆောင်းရာသီကာလတစ်ခုတွင် ဖြစ်သည်။ ၁၉၉၂ ဇန်နဝါရီ ၆ ရက်(တနင်္လာနေ့)သည် ဇေလင်းမောင် ၏ မွေးနေ့ဖြစ်သည်။ ယနေ့တွင် ဇေလင်းမောင် အသက် ၁၆ နှစ်ပြည့်ပြီ။ ဇေလင်းမောင် သည် ထက်စစ်ဟန်ထက် အသက် ၁၁ ရက်ငယ်နေခဲ့သည်။ ထိုအခြင်းအရာကို ထက်စစ်ဟန် က အခွင့်အရေး တစ်ခုအနေဖြင့်မကြာခဏအသုံးချသဖြင့် စောစောမမွေးကောင်းရလားဆိုပြိး မွေးမိခင် ကို ဇေလင်းမောင် မကြာခဏ အပြစ်တင်ဖူးသည်။

ကဲထားပါတော့ ဒီနေ့ တစ်ရက် ထက်စစ်ဟန်အကြောင်းကို ‌မတွေးပဲ‌နေကာ စိတ်ချမ်းသာ‌အောင်ကိုယ်ကိုကိုယ် နေရမယ်။ မွေးရက်နံပါက်စဉ်နှင့် မွေးသည့်ရက်ကထပ်တူမကျခဲ့ပေမယ့် ကျောင်းပိတ်တဲ့တနင်္ဂနွေ နေ့တွင်ကျ‌ ရောက်သောကြောင့် မွေးနေ့ပွဲကျင်းပဖို့ ကံကောင်းသွားသည်ဟု ဆိုရပေမည်။

"ထက်စစ် ငါနဲ့စျေးကို လိုက်ပေးပါလား "

"မွေးနေ့ကိက်ဝယ်မလို့လား မောင်ရာ "

"အင်းဟုတ်တယ် မွေးနေ့ကိတ်ဝယ်မလို့ "

"သွားကြစို့ "

"ဒါနဲ့ မောင် ကို့ကို ကိုကိုလို့ခေါ်ပါလား ၊
ကိုကမောင့်ထက် အသက်ကြိးတယ်လေ ၊
ကြည့်ပါလား ကိုက ၁၆ နှစ်ပြည့်တာ ၂၀၀၇ခုနစ် တည်းက မောင်က ၂၀၀၈ရောက်မှ ၁၆ နှစ်ပြည့်တာလေ ၊တစ်နှစ်တောင်ကွာသွားတာကို ကြည့်ဦးလေ "

"ချိးမို့လို့ ခေါ်ရမလား ကိုကို
၁၁ ရက်ကြိးတာနဲ့ ငါ့ကိုအနိုင်မစားနဲ့ "

"မောင်ကလည်းကွာ --- "

"ဘာမောင်တုန်း ၊ မောင်ခေါ်ခံရတာနဲ့တင် လူပြောခံရလို့ ငါ‌ ဒေါသထွတ် နေပါပြီနော် "

"ဘယ်သူ ဘာပြောလို့လဲ ကိုယ့်ကိုသာလာပြော "

"မင်းကိုလာပြောလို့ မင်း အေးဆေးဆေး ဖြေရှင်းတတ်တာလည်း မဟုတ်ပဲ ၊ ထစ်ခနဲ့ဆို မင်းလက်သိးက သူများတွေဆီ ရောက်သွားပြီ မလား "

"လက်သိးက သူ့ဘာသာ သူ့ ရောက်သွားတာ‌လေ ကိုမတတ်နိုင်ဘူး "

"ဪ အေးအေး မင်းလက်သိးက မင်းမထိုးပဲ သူ့ဘာသာသူ သူများဆီ ရောက်သွားတယ်ပေါ့လေ ၊တော်ပါတော့ ငါအကုသိုလ်ပွားတယ် ပါးစပ်ပိတ်ပြိးသာ ငါနဲ့လိုက်ခဲ့ "

Spring Of Breeze (Completed)Dove le storie prendono vita. Scoprilo ora