"ဟဲလို သား --"
" မေမေလား ---
သား မေမေ့ကိုလွမ်းနေတာ""မေမေ ပြောစရာ ရှိ့လို့ "
"ဘာလဲ မေမေ "
"သား ညီမလေး မင်္ဂလာဆောင်တော့မယ် ၊သားလာခဲ့ရမယ်နော် "
"ဟုတ်လား -!!
ဘယ်သူနဲ့လဲ မေမေ ""သူတို့ကျောင်းကပဲ သားရေ
၊ သူဌေးအသိုင်းအဝိုင်းကနဲ့ တူတယ် မေမေကတော့ သူ့သဘောအတိုင်းပါပဲ ""အေးပေါ့ "
"ဒါနဲ့ ၊ သား ဘယ်တော့လောက်ပြန်လာမလဲ "
"အင်း --- ရှေ့အပတ် စနေနေ့ ရန်ကုန်တတ်လာခဲ့မယ် မေမေ ၊ သားသူငယ်ချင်းတစ်ယောက်ပါခေါ်ခဲ့မယ် "
"အင်း အင်း ခေါ်လာခဲ့ ၊
ဒါနဲ့သား အခုထိ့ကောင်မလေး မရသေးဘူးလား
အသက် ၂၇ နားကပ်နေပြီနော် ၊
မေမေ လည်း အိုနေပြီ သိ့တယ်မလား
အသက်မသေခင် မြေးချီဖူးချင်သေးတယ် သားရယ် ""ဟား --ဟား မေမေကလုပ်ပြီ"
"သား ဆရာဝန်အလုပ်ကို မလုပ်ပါနဲ့ တော့လား ၊မေမေ့ စီးပွါးရေးတွေကို သားဦးဆောင်ရ တော့မယ်လေ ၊သားညီမလေးလည်း သူ့ယောက်ျားစီးပွါးရေးတွေ ပဲ ဝင်လုပ်တော့မှာ၊ မေမေ့စီးပွါးရေးကိုသူ လည်းလက်လှမ်းမီမှာမဟုတ်ဘူး ။သားလူတွေကို အကျိုးပြုချင်ရင်လည်း ဆရာဝန်အလုပ်ကမဟုတ်ပဲ တစ်ခြားနေရာကလည်း အကျိုးပြုနိုင်ပါတယ် "
" စနေနေ့ သားကို ကြိုနေပါနော် --"
"အေးအေး မေမေလည်းသားကို လွမ်းလှပြီ ကွယ် "
"ဂျုတီရှိ့နေလို့ သားဖုန်းချလိုက်တော့မယ်နော်"
Spring of Breeze
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးတွင် လူများစွာဖြင့် စည်ကားလျှက် ရှိ့ နေသည်။ လေဆိပ်ထဲတွင် ပြည်တွင်းမှ လာရောက်ကြတဲ့ဧည့်သည်တွေ ၊ ပြည်ပ မှလာရောက် ကြတဲ့ ဧည့်သည်တွေ ၊ပြည်ပကို ထွတ်ခွါ တော့မည် ဧည့်သည်တွေ ၊ စတဲ့ သန့်ရှင်းသပ်ရပ်စွာ ဝတ်စားထားကြသည့် လူများစွာသည် ရောင်စုံပန်းချီကား တစ်ချပ်လို လှပနေသည်။
ရန်ကုန်မြို့၏ မနက်ခင်းများသည် အမှန်ပင် အသက်ဝင် လွန်းလှသည်။ဇေလင်းမောင်အဖို့ ရန်ကုန်မြေတွင်လည်း လွမ်းမောစရာ အတိတ်များလည်း ရှိ့ခဲ့သည်ပဲ ။
YOU ARE READING
Spring Of Breeze (Completed)
Teen Fictionအချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို့ အချစ်ဆုံးလို့လည်းထပ်ခေါ်မယ် ။