အပိုင်း(၃)ချစ်ရသောရင်ခွင်ဝယ်(uni/zgi)

2.6K 273 8
                                    

"သား ၊ နေမကောင်းဘူးဆို "

"မေမေရောက်နေတာလား
အင်း - - ဟိုအကောင်ပြောလိုက်ပြီ ထင်တယ် "

"ဘယ်က ဟိုအကောင်တုန်း ၊ ထက်စစ် လေးကို ပြောတာလား ၊ ဒီလောက် လိမ္မာ တဲ့ ထက်စစ်လေးကို နော် -"

"- - - - "

"အဖျား ကျသွားပြိးလား မှန်းစမ်း "

"ကျသွားပါပြီ မေမေရာ "

အမေနဲ့ အဖေ အကြားက အမှတ်ဝင်ယူနေသော ထက်စစ်ဟန် ကို ဇေလင်းမောင် မျက်စောင်းတစ်ချက်ထိုးလိုက်သည်။ ငါ့အကြည့်တွေမှာ မင်းပြာကျစမ်း ----

ဒေါ်ဇာဇာဝင်းသူ ၏ စိတ် နေစိတ်ထားမှာ အေးချမ်းတည်ငြိမ်သည်။ သို့သော် သူမ၏ သားနှင့် ပတ်သတ်လာ လျှင် သူမ သဘောထား ၊ဆုံးဖြတ်ချက် အကုန်လုံး ကပြတ်သားလွန်း သည်။ မလျော့မတင်း သော စည်းကမ်းနှင့်အတူ သူမသားကိုပြုစုပျိုးထောင်ခဲ့သည်။ သူမ ဆန္ဒ နှင့် ထပ်တူကျစွာပင် ဇေလင်းမောင် လည်း ကောင်းကောင်းမွန်မွန် ကြိးပြင်းလာခဲ့သည် ။သူမသား သည် အရာရာကို မျိုသိပ်တတ်သလို အခြားသော သားများကဲ့သို့ ပြေးလွားဆော့ကစားခြင်း အလျည်း မရှိ့ ၊ ပန်းချီဆွဲခြင်း နဲ့ စာဖတ်ခြင်း ကိုဝါသနာ ပါပြိး ၊ကျောင်းအားသောအချိန်များ တွင် ပန်းချီဆွဲခြင်း ဖြင့် အချိန်ကုန်လေ့ ရှိ့သည်။ စာကြိုးစားသူ ဖြစ်သည့် အလျောက် ပြိးခဲ့သော အတန်းတိုင်းတွင် အဆင့်၁ ရသည်။ ဤသည်မှာ မိဘ တိုင်း လိုချင်ကြသော သားသမိး ပုံစံ မျိုး မဟုတ်ပါလား။ ဆရာဝန်ဖြစ်ချင်လွန်းသောဇေလင်းမောင်ကို ဒေါ်ဇာဇာဝင်းသူ မျှော်လင့်ချက်ကြိးစွာထားသည်။

"ကဲ - သားတို့ မုန့်မစားရကြသေးဘူး မလား ၊ ဒီမှာ ၍ ဦး မုန့်တွေ အများကြိး ဝယ်လာတယ် "

ဇေလင်းမောင် ၏ အဖေ ဦး ဇေထွဋ်မောင် ဝင်ပြောလာသည်။

"ဟုတ်ကဲ့ "

မုန့်ကြိုက်တတ်သူပီပီ ဇေလင်းမောင် ပြုံးရွင်စွာ ပြန်ဖြေသည်။ ထိုအခိုက် အပြင်ထွတ်ရန်ပြင်နေသော ထက်စစ်ဟန် ကို ဦးဇေထွဋ်မောင် လှမ်းတားသည်။

"သား - ထက်စစ် ၊ ပြင်မသွားနဲ့ ဥိး ၊ရော့ ဒီမှာ ၊ သားအတွက်ပါတယ် ၊ ရော့သိမ်းထားလိုက်"

Spring Of Breeze (Completed)Where stories live. Discover now