မေမေကို ဆေးရုံတင်ပြီး နှစ်ပတ်အကြာတွင် ဖြစ်သည် ။ နေသာ နေသော နေ့တစ်နေ့ဖြစ်ပြီး မြောက်လေညှင်း များလည်း တိုက်ခတ်နေ သော နေ့ ဖြစ်သည် ။ ဒီနေ့တွင် ရန်ကုန်မြို့ ကောင်းကင်သည် တိမ်စင်ပြီး ကြည်ပြာ ရောင် များ အပြည့် ဖုံးလွှမ်းနေသည်။
မြောက်လေပြေများကြောင့် ပြတင်းပေါက်မှ လှိုက်ကာ ဖြူဖြူ လေးလည်း တစ်လှပ်လှပ် လှုပ်ရှား ကခုန်နေ ခဲ့သည်။နေရောင် နွေးနွေးလေးက ပြတင်းပေါက်မှတစ်ဆင့် အခန်းထဲသို့ ဖြာဆင်းလျှက် ရှိ့သည်။ ထို ဆေးရုံခန်းထဲ မှာကား စက်ပစ္စည်းအကူအညီနဲ့ အိပ်ပျော်နေသော မေမေနှင့် ပြတင်းပေါက်ဘောင်ကို မေးထောက်ကာ အဝေးတစ်နေရာကို ငေးနေသော ဇေလင်းမောင်တို့ ရှိ့သည်။ ဤ အချိန်သည် ဒေါ်ဇာဇာဝင်းသူ နေ့သေမလား ညသေမလား ဖြစ်နေသော အချိန် ဖြစ်သည်။
တိတ်ဆိတ်နေသော အခန်းလေးထဲသို့ နွေစိမ်းရောင် ဝင်လာသည်။
"အကို --"
"ညီမလေး ---
ပန်းလှယ်မလို့လား ""အင်း----ဟုတ်တယ်အကို
ဟို ----
--မေလေး ဆိုတဲ့တစ်ယောက် အကို့ကို အပြင်က စောင့်နေတယ် ""ဘယ်သူ --"
"အကိုနဲ့ ကျောင်းတတ်ဖက် ဆိုတဲ့ တစ်ယောက်လေ --"
"ဪ မေလေး စောင့်တာလား --"
"ဟုတ်တယ် သူပဲ
ညီမ မေမေကြီးနဲ့ ကျန်ခဲ့မယ်
အကို သူနဲ့ သွားပြီး စကားပြောလိုက် ဦး ""အင်း ---အင်း -အကို ခဏ သွားမယ်နော် --"
ဆေးရုံကော်ရစ်တာမှာ မေလေးရပ်ကာ စောင့်နေသည်။ မေလေအပြုံးတွေက ငယ်ငယ်တုန်းကအတိုင်း ချိုသာ နေဆဲ။ မြောက် လေညင်းများကြောင့် မေလေး၏ ပီတုန်းရောင် ဆံပင်နက်များက လွင့်ခါလျှက်ရှိ့ နေသည်။
"မေလေး ----"
"ဟင်----အကို"
"စောင့်နေတာကြာသွားပြီလား --"
"မကြာသေးပါဘူး ---မေလေး အကို့ကိုတွေ့ချင်လို့ လာခဲ့တာ --"
"ဪ--- --"
"အကို့အကြောင်း တွေကို မေလေး သိ့ပြီးပြီ "
"ဟုတ်လား ---- ဟူး --"
YOU ARE READING
Spring Of Breeze (Completed)
Teen Fictionအချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို့ အချစ်ဆုံးလို့လည်းထပ်ခေါ်မယ် ။