ချစ်ရသူနှင့်အတူတူနိုးထရသော မနက်ခင်းသည် အလွန်ကြည်နူးဖို့ကောင်းသော ခံစားချက်များကို ပေးစွမ်းနိုင် ပါသည် ။ ဇေလင်းမောင် တာဝန်ကျရာ ဆေးရုံဆီသို့ ထက်စစ်လိုက်လာခဲ့သည်မှာလည်း တစ်ပတ်ခန့် ရှိ့နေခဲ့ပါပြီ ။
"ထက်စစ် -- ထတော့ ထတော့ "
ဇေလင်းမောင်သည် မနက်အစောကြီး တည်းကနိုး နေခဲ့ပြီး ဂျုတီကုက်ကို ကျကျနန ဝတ်ကာ ခရီးတစ်ခုခုထွတ်ဖို့ ရည်ရွယ်ကာ အားလုံးပြင်ဆင်ပြီး ဖြစ်နေသည် ။
"မထချင်သေးဘူး အစောကြိးပဲ ရှိ့သေးတာမောင်ရာ --"
အိပ်ရာပေါ် တွင်လူးလွန့်ရင်း စကားဆိုနေသော ထက်စစ်ဟန်ကို ကြည့်ကာ ဇေလင်းမောင် အလိုလို ပြုံးမိနေသည် ။ သူ၏ညအိပ်ဝတ်စုံကိုယူဝတ်ထား သော ဝတ်ထားသော ထက်စစ်ဟန်သည် ဆယ်ကျော်သက် လေးတစ်ယောက်လို ပြုမူနေသည်ဟု ဇေလင်းမောင် မြင်မိ သည် ။
"ငါဒီနေ့ နယ်ကိုဆင်းမှာ မင်းတစ်ယောက်တည်းကျန်ခဲ့ရမှာစိုးလို့ "
"အင်း အင်း ဒါဆို ကိုယ်ထပြီနော် "
အိပ်နေရာမှ ထထိုင်ကာ မျက်လုံးကို ပွတ်နေသော ထက်စစ်ကို ကြည့်ပြီး ဇေလင်းမောင် အသည်းယားလာသည် ။ထက်စစ်၏ ညာဘက် ပခုံးပေါ်က အင်္ကျီကလည်း ပြေလျော့ကာ ပခုံးတစ်ဖက်လုံး လည်း ပြင်ထွတ်နေ သေးသည် ။ ပခုံးသား ဝင်းဝင်းလေးများသည် တည်တည်ငြိမ်ငြိမ် နေတတ်သော ဇေလင်းမောင်၏ စိတ်ကို မတည်ငြိမ်ပဲ တုန်လှုပ်စေသည် ။ ထက်စစ်ဆွဲဆောင်နေသမျှ ငြိမ်ခံနေရအောင် ဇေလင်းမောင်သည် အရိယာသူတော်စင်လည်း မဟုတ်ပါ ။ တကယ်တမ်းတွင် ဇေလင်းမောင်၏ အင်္ကျီများသည် ထက်စစ် ဝတ်လို့အဆင်မပြေနိုင်သလို ထက်စစ်အတွက် ကြီးမားလွန်း နေသည် ။ ညအိပ်ဝတ်စုံ အသစ်ဝယ်ပေးမည် ဆိုသော်လည်း မောင့်အင်္ကျီပဲ ဝတ်ချင်တယ်ဆိုကာ အသစ်မဝယ်ရတဲ့ ထက်စစ်ကို ဇေလင်းမောင် အမြင်ကက် မိလာသည် ။
"မြန်မြန်ထ ---"
"အား ---!!
အပျင်းဆန့်ကာ မထချင် ထချင် လုပ်နေခြင်းက သူ့ကို ထက်စစ်ဟန် ဆွဲဆောင်နေသည် ဟု ဇေလင်းမောင် ထင်မှတ်မိလာသည်။
YOU ARE READING
Spring Of Breeze (Completed)
Teen Fictionအချစ်ဦးအကြောင်းပြောကြမလား ။ ၁၂ နှစ်ကနေ ၁၆ နှစ်အထိ့ ချစ်ခဲ့တဲ့လူတစ်ယောက်အကြောင်းကို ခေါင်းစဉ်တပ်မယ် ။နှစ်တွေကြာမြင့်လာရင်တောင် ဒီလူကိုချစ်နေဦးမှာမို့ အချစ်ဆုံးလို့လည်းထပ်ခေါ်မယ် ။