အပိုင်း(၄)အမှတ်တရတွေပြန်ဝယ်မယ်(uni/zgi)

2.3K 253 8
                                    

" သီတင်းကျွတ်တော့မယ် ၊ မင်း အိမ်ပြန်မှာလား "

"စာလုပ်စရာတွေကျန်သေးတယ်
မပြန်ပါဘူး ထက်စစ်ရာ
အဆောင်လည်း လေးရက်ပဲ ပိတ်မှာမလား
အိမ်ပြန် တဲ့ လမ်း မှာတင်အချိန်ကုန်တယ် "

"မပြန်ဘူးဆို မပြန်ဘူးတစ်ခွန်းတည်းပြောလည်းရပါတယ် "

"လာမပြောနဲ့တော့ ၊ ဆရာမ လာတော့မယ် "

"မလာသေးပါဘူး ၊ ဒါနဲ့ ကျောင်းဆင်း တဲ့အခါ ငါ့ကိုပါ ခေါ်ဥိး ငါဒီနေ့ ထိးမယူခဲ့ရဘူး "

"တခြားသူနဲ့ လိုက်သွား ၊ငါမင်းကိုမခေါ်ဘူးထက်စစ်"

"ဘယ်သူနဲ့မှ ငါမသွားချင်ဘူး
မင်းနဲ့ပဲ ငါသွားချင်တာ
တခြားသူနဲ့ ငါ စကားလည်း မပြောချင်ဘူး "

" ပြောတတ်တာ အံ့တယ်
ဘယ်သူက မင်းနဲ့ပြောချင်လို့တုန်း ၊
တစ်တန်းလုံး နဲ့ မတည့်တဲ့ကောင် "

"ဘယ်သူနဲ့ မှ မတည့်လဲ မင်းနဲ့တည့်တယ်လေ ဒါဆိုရပြီမလား "

"ငါနဲ့တည့်တယ် ငါ့ကို တစ်ချိန်လုံး ဒုက္ခပေးတာ ဘယ်သူလဲ ပြော"

"ချစ်လို့ပါကွာ ----- "

"ချီးကို ချစ်တာလား ---"

ထက်စစ်ဟန် ကျောပြင်ကို ဇေလင်းမောင်လက်ဝါး ဖြင့် ခပ်ပြင်းပြင်းတစ်ချက်တိး ပစ်သည်။

"အား --- "
ထက်စစ်ဟန် တစ်ချက်သာ မြည်တမ်းပြိး နှုတ်ပိတ်သွားသဖြင့် တော်တော် နာသွားသည် ဟုထင်ရသည်။ အဗြင်းခံရမှာကြောက်တဲ့ထက်စစ်ဟန် ဟာ ကျောင်းဆင်းတဲ့အထိ့ ဇေလင်းမောင်ကို တစ်ခွန်းတစ်လေမှ လာမပြော‌ဘူး။

သီတင်းကျွတ်လ တွင် စပါးခင်းများ လည်း အစိမ်းရောင်မှ ရွှေဝါအရောင်သို့ ပြောင်းလဲကြသည်။ တစ်ချို့ သက်နု စပါးများဆိုလျှင် ရိတ်သိမ်းနေကြပြီး ဖြစ် သော်လည်းသက်ရင့်စပါးများကာ အခုအချိန်ထိ့ စိမ်းစိုနေကြပါ သေးသည်။ သီတင်းကျွတ်လတွင် အနီတစ်ကွက် အစိမ်းတစ်ကွက် ရှိ့နေသော လယ်ကွင်ပြင် ကျယ်ကျယ် ကြိးများ၏ ရှူမြော်မဆုံးသောမြင်ကွင်းသည် လွမ်းမောဖွယ်ရာမြင်ကွင်းတစ်ခု လို ဖြစ်သည်။ ဆောင်းအငွေ့ အသက် တစ်စွန်းတစ်စ ဝင်ရောက် လာနေသော သည်အချိန်သည်ရာသီ သည် လူတို့၏ စိတ်ကိုကြည်နူး တတ်စေနိုင်သော မြင်ကွင်း ဆိုလျှင်လည်း မမှားဘူး။

Spring Of Breeze (Completed)Where stories live. Discover now