အပိုင်း(၁၃)မင်းက တတိ့ယလူလား(uni/zgi)

1.6K 186 20
                                    

ထက်စစ်ဟန် မရှိ့တာ ၂လ တောင်ပြည့်သွားပြီ ။ ဇေလင်းမောင် တစ်ယောက် ကျောင်းတတ်လိုက် စာကျက်လိုက် ဖြစ်နေ၍ ထက်စစ်ဟန်ကို အချိန်တိုင်း မလွမ်းအား‌ တော့သော်လည်း ညအိပ်ခါနီးတွင်ဖြစ်စေ ၊ ထမင်းစားခါးနီးတွင်ဖြစ်စေ ၊ မကြာခဏ ဆိုသလို ထက်စစ်ဟန်ကိုမြင်ယောင်မိ့နေတုန်း ။ နာကျင်မှုတွေကို အနည်ထိုင်စေခြင်းဖြင့် ဇေလင်းမောင်ရဲ့ နေ့ရက်တွေကို အဆင်ပြေနေစေခဲ့ရသည် ။

ကျောင်းကြိးမဖွင့်ခင် တစ်ပတ်အလိုက ဇေလင်းမောင်ဆီသို့ ဒေါ်ဇာဇာဝင်းသူ ရောက်လာသည်။ ဒေါ်ဇာဇာဝင်းသူတွင် ဇေလင်းမောင်ကို အရေး တစ်ကြီးပြောစရာ တစ်ခုပါလာသည် ။

"သား -- သားကိုမေမေပြောစရာရှိ့တယ် "

"-----"

"မေမေ အပြောင်းအရွေ့ကျတယ် ရန်ကုန်ကို "

"ဟုတ်လား ----"

"သားကို ကျောင်းပြောင်းဖို့အတွက်မေမေအားလုံး စီစဉ်ပြီးပြီ၊ သားအထုတ်ထုတ်ထားတော့နော် "

"အခုပြောင်းရတော့မလား မေမေ "

"အခုအိမ်ကိုပြန်ကြအောင် မနက်ဖြန်‌ မေမေ ရန်ကုန်ကိုသွားမှာ ၊ ကျောင်းထွတ်လက်မှတ်လည်း မေမေယူထားပြီးပြီ "

"ဟုတ်ကဲ့ ဒါဆို သားအထုတ်ထုတ်လိုက်ဦးမယ် "

"သား ပစ္စည်းတွေသိမ်းပြီး နေရစ်ဦး ၊ မေမေ သားအဆောင်မှူးနဲ့စကားသွား‌ ပြောလိုက်ဦးမယ် ၊ သားသူငယ်ချင်းတွေကိုလည်း သားနှုတ်ဆတ်လိုက်ဦး နော် "

"နှုတ်ဆက်စရာလူမရှိ့တော့ပါဘူး မေမေရာ ၊သား အထုတ်ပဲ ထုတ်နေလိုက်မယ် "

"သားသဘော "

ထက်စစ်ဟန်လာရှာမည့် အချိန်ကို ဇေလင်းမောင်ဒီနေရာ လေးကပဲ စောင့်နေချင်ခဲ့တာ ။ဒါပေမယ့် ကံတရားက ဇေလင်းမောင်ကို ဒီနေရာက မစောင့်စေချင်ဘူးနဲ့ တူပါတယ် ။

-မင်းပေးခဲ့တဲ့ Butterfly weed အဓိပ္ပာယ်ကို ငါနားလည်ခဲ့တယ် ၊
Let me go တဲ့ ။
အင်း ---- ဒါဆိုလည်း let me go ပဲပေါ့
ကံမကုန်ရင် မင်းနဲ့ ပြန်ဆုံချင်သေးတယ် ထက်စစ် ။

ဇေလင်းမောင် မွေးရပ်မြေကို စွန့်ခွါရတဲ့အခါ ထူးထူးခြားခြားခံစားမနေခဲ့ဘူး။ တခြားတစ်နေရာမှာ သူအသားကျသွားမှာပါ ---

Spring Of Breeze (Completed)Where stories live. Discover now