Ten

385 49 4
                                    

မကွေးမြို့ကတော့ ထုံးစံအတိုင်း တမာရနံ့ကရမြဲရဆဲ။ ညက အသိအိမ်သို့ သူတို့ရောက်စက အသားကုန်ဟောင်နေခဲ့သော ခွေးကလေးနှစ်ကောင်ဟာဖြင့် အခုတော လှောက်အိမ်ထဲမှာ ငြိမ်လို့။

(midea ထဲတွင် ပုံထည့်ပေးထားပါသည်)

မနက်စာအစောကြီး ထချက်ပေးထားသည့် မိတ်ဆွေတို့ကို အားလည်းနာပါသည်။ ချက်ထားပြီးမှတော့ မစားပဲသွားပြန်လျှင်လည်း စိတ်မကောင်းဖြစ်ပေဦးမည်။ အသိအိမ်သည် မဲထီးလမ်းမှာမို့ မကွေးကားဂိတ်နှင့်အတော်လေး နီး၏။ စားပြီးနောက္မှာ အိမ်ရှင်တို့ငှားပေးသော သုံးဘီးဆိုင်ကယ်ဖြင့် သူတို့သားအမိနှစ်ယောက်ရယ်၊ အသိနောက်တစ်ယောက်ရယ် ကားဂိတ်သို့ထွက်ခဲ့ကြတော့သည်။

ကားဂိတ်ရောက်တော့ ကြိုမှာထားသည်ဟုဆို၏။ မင်းသိမ်းတစ်ယောက်ဘာမှမသိလိုက်။ မေမေနှင့်ဖေဖေကတော့ မနေ့က အမ်းကထွက္မလာခင်ကပင် လှမ်း၍ အသိအိမ်ကိုဖုန်းဆက်ကာ အကူအညီတောင်းထားပုံရသည်။ ကြိုမှာထားသော လက္မှတ်အတွက် တစ်ယောက်ကို ၁၆၅၀၀ ပေးရ၏။ လူတစ်ယောက် ခုံနှစ်ခုံစာကိုး။

လက္မှတ်ခရှင်းနေတုန်း အနားသို့ရောက်လာသော ကလေးသုံးယောက်။ အဝတ်အစားညစ်ညစ်ထေးထေးများဖြင့် ထမင်းဖိုးဟုဆိုကာ တကျီကျီတောင်းနေသောကလေးတစ်သိုက်ကိုမြင်ပြန်တော့ သူရေးလက်စစာအုပ်ထဲက Lucy ကိုပြေးမြင်မိသည်။

Lucy လေးကရော ဒီလိုမျိုးဖြစ်နေမလား။ Lucy လေးကို ဒီလိုရော ငါမြင်ရက်ပါ့မလားဟူသောအတွေးက ရင်နာလာပြန်၏။ ကိုယ်ဖန်တီးသောဇာတ်ကောင်ဟူသမျှကို ကိုယ့်သားသမီးဟု တွေးထားသူမို့ မင်းသိမ်းအတွက် ဘယ်အရာကမှ မလွယ်ကူပေ။

" မေမေ "

" ဟေ "

" ကလေးတွေကို ကြက်ဥလေးတွေ ပေးလိုက္မယ်နော် "

မနေ့ညက ရိုးတောင်ပေါ်ကဖြတ်လာတုန်း လမ်းမှာဗိုက်ဆာရင်စားဖို့ဆိုကာ ဝယ်လာသောကြက်ဥပြုတ်များက ကျန်နေသေးသည်။ သူလည်းစားမှာမဟုတ်။ ထိုကလေးတွေကိုပေးလိုက်လျင်တော့ ကလေးတွေဗိုက်ဝသွားလောက်သည်မလား။

" ရော့ တစ်ယောက်တစ်လုံးစား မလုရဘူးနော် "

သူ့လက်ထဲကကြက်ဥထုပ်ကိုယူကာ ပြေးထွက်သွားကြသော ကလေးသုံးယောက်ကို ငူငိုင်စွာ ရပ်ကြည့်နေမိသည်။ ငိုင်နေသောသူ့အား အသိဝင်လာစေသူက ဇီးထုပ်လာရောင်းသော အမေကြီးတစ်ယောက်။ သူ့ကြည့်ရတာ ဘာရောင်းရောင်း အားပေးမည့်လူနှင့်များ တူနေသလားမသိပါလေ။

I met him in the 2nd wave (Completed)Where stories live. Discover now