" ဘာလုပ်တာလဲ ... အဲ့ဒါ ဘာမှမဆိုင်ဖူးလေ "
" မသိတော့ပါဘူးဗျာ "
အလုပ်ကလည်း လုပ်နေရသေးသလို အဝတ်အစားကိုလည်း ထည့်နေရပြန်သည်။ မေမေကတော့ ပုတီးကိုသာ တဂျောက်ဂျောက်စိပ်နေမြဲ။ ဘာမှမပြောပေမဲ့ မေမေ စိတ်ပင်ပန်းနေပြီဆိုတာ သူသိပါသည်။ သူလည်း ဘာများတတ်နိုင်ပါမည်နည်း။
စိပ်ပုတီးကို ဘုရားကျောင်းဆောင်တင်ရာ စားပွဲပေါ် ပြန်တင်ထားပြီးနောက် မီးဖိုချောင်ထဲ ဝင်သွားပြန်သည်။ မနက်က ကျန်သော ထမင်းကြမ်းကို အပူပြန်ပေးနေ၏။ ကြက်ဥ ပြုတ်နေသည်ကိုလည်း မြင်လိုက်ရပါသည်။
HQ ကျနေသည့်ကာလမို့ ဘာမျှအပိုဝယ်ထားသည်လည်းရှိမနေပါ။ သူတို့မှာ ကျန်တာဆိုလို့ ကြက်ဥနှစ်လုံးထဲ။ မေမေတစ်ယောက် သူနှင့်အတူတူ လာနေပေးခါမှ ထိုသို့ ကြုံရသည်လို့။
မေမေက အသက်၅၈နှစ်ရှိပြီ။ အသက်အရွယ်နှင့်မလိုက်အောင် သူတို့မောင်နှမအတွက် မိဘနှစ်ပါးရုန်းကန်ခဲ့ရသည်က အတော်လေး ကြမ်းတမ်းသည်မို့ မေမေက ပို၍ အိုစာပါသည်။ အသက်၅၈နှစ်သည် ၆၀နားကပ်နေပါပြီလေ။
မေမေတစ်ယောက် စိတ်ညစ်နေသော်လည်း သူစိတ်တိုနေမှန်းသိတာမို့ မေမေက ဘာမှမပြော။ ဒါပေမဲ့လည်း မေမေသွေးတိုးနေမှန်း သူသိပါသည်။
" ကျွန်တော်ပြောပြတယ်ဗျာ .. ဒါပေမဲ့ လက်မခံဘူး .. လက်ခံနိုင်တဲ့လူနဲ့တိုက်ရိုက်ပြောမယ်ဆိုပေမဲ့လည်း မဆက်သွယ်ပေးဘူး "
" လူဆိုးတွေပါကွာ .... အစ်မ ရုံးကို ပြန်ပြောပေးမယ် ... ဂရုစိုက်နော် ... လိုအပ်တာရှိရင် အစ်မတို့ဆီ ဖုန်းဆက် "
" ဟုတ် သူတို့က ရုံးကို ဆက်သွယ်ပေးမယ်ပြောလို့ အစ်မဖုန်းနံပါတ်ပေးလိုက်တယ် "
" အိုခေအိုခေ ... အမေ့ကိုလည်း စိတ်မပူဖို့ ပြောပြ နော် "
"ဟုတ် "
ထိုနေ့က အစည်းအဝေးပြေးထိုင်ရင်း လာခေါ်မည်ဆိုသည့် လူတွေကို စောင့်ရပြန်သည်။
" Min Thein-San "
" Yes "
" Min Thein-San"
" Yes Yes, can you hear me? "