Twenty Zawgyi

167 22 0
                                    

ကွာရန်တင်းကာလပြီးသော်လည်း အိမ်မှ မထွက်ရသေးသောသူတို့သားအမိကတော့ ကြက်ဥနှင့် နှစ်ပါးသွားရပေတော့မလားမသိ။

တစ်ပတ်တာကာလကိုအိမ်မှာနေပါတဲ့လား။ ​ဩော် တရားပေစွ။ သူတို့ကတော့ဖြင့် နေချင်သလိုနေ သွားချင်သလိုသွားစေ။ ကွာရန်တင်းမြှပန်လာသူများကိုတော့ဖြင့် ဘယ်မှမသွားရ။

" ခင်ဗျားတို့ကူးမှာစိုးတဲ့ စေတနာနဲ့လား "

ဟု တည့်တည့်မေးချင်စိတ်က နှုတ်ခမ်းဖျားမှာ တစ်ဖွားဖွား။ ​ဩော် လူတို့သည် တယ်လည်းခက်ပါ၏။ သူတို့ချမှတ်ထားသည့် စည်းမျဉ်းများက မှားနေမှန်း မသိလေလျော့သလား။

" အစ်မရေ ကြက်ဥနှစ်ထောင်ဖိုး "

ဟု အောက်ထပ်မှဆိုင်ကို ဖုန်းဆက်မှာနေသော မေမေ့အသံကိုကြားရ၏။ ဘာမှပြောချင်စိတ်လည်းရှိမနေခဲ့။ အလုပ်လည်းမတက်ရ၍ ဒီတစ်ရက်တော့ အိပ်ရာထဲတွင် နှပ်လိုက်ဉီးမည်တွေးခိုက် ဝင်လာသောဖုန်းတစ်လုံး။

ဒီနံပါတ် သူမသိပါဘူး။

" ဟယ်လို "

" အစ်ကို ... အစ်ကိုလား ကိုင်ပြီလား ... အသာနေစမ်းပါကွာ မင်းဖယ်စမ်း ... ဟာ ငါလည်းပြောမယ်လေ မင်းသာဖယ်ရမှာ ... မင်းဖယ် "

နားအတွင်းစီကနဲ ဝင်လာသည့် အသံနှစ်သံက ဆင်တူမယောင်နှင့်မတူ။ ဒီအသံက ...

" ရှားစစ်လား "

" တွေ့လား ငါ့ကိုမေးနေတာ .. မင်းဖယ်စမ်း "

တစ်ခုခုလုံးထွေးပြုတ်ကျသံနှင့်အတူ အာမေဋိတ်သံတစ်စက အနားကပ်အော်၏။ ပြုတ်ကျတာလား.....

" ဟယ်လို "

" စပီကာဖွင့်လိုက် ... ဖွင့်စရာလား .. ဒါငါ့ဖုန်းနော် ကိုကို ... ဘာဖြစ်လဲ နံပါတ်က ငါသိလာတာလေ ... "

" ဒီမှာ ... ဒါလူအိပ်ချိန် နားမလည်ဘူးလား "

" လူအိပ်ချိန် "

သံပြိုင်တီးတိုးရေရွတ်သံက အလန့်တကြားနိုင်သလို တစ်ဖက်ကလည်း ကြောင်ကန်းဆွံ့အ သွားသည့်အသံမျိုး။ သင်္ကာမကင်းတော့၍ ဖုန်းကနာရီကိုကြည့်တော့ မနက် ၁၀နာရီ။

I met him in the 2nd wave (Completed)Onde histórias criam vida. Descubra agora