ပူပြင်းသောရန်ကုန်၏ရာသီဥတုသည် စွပ်ကျယ်လက်တိုအဖြူဝတ်ထားသော သူ့အင်္ကျီတစ်ခုလုံးကို ချွေးရွှဲစေသည်။ အချိန်က ညနေ ၅နာရီ၅၀လောက်ဖြစ်မည်။ ဆူးလေ၏ဘတ်စ်ကားဂိတ်သို့သွားဖို့ရန်သူလျှောက်လာခြင်းဖြစ်၏။ ကုန်သည်လမ်းရှိ KBZ ဘဏ်ရှေ့တွင်ရှိသော ATM မှ ငွေထုတ်နေသည်မှာ လူစောင့်နေရသည့်အတွက် သူခြေတောင့်နေပြီဖြစ်၏။ သူရောက်နေသည်မှာ ၅နာရီခွဲတည်းကမို့ အခု မိနစ်၅၀ဆို မိနစ်၂၀လောက်ရှိနေလေပြီ။ ငွေထုတ်လို့ရရခြင်း လမ်းတစ်ဖက်ကူးလာဖြစ်၏။
လမ်း၏တစ်ဖက်ကနေ သူသွားနေရင်း သူ့ဘေးကဖြတ်ကျော်တက်သွားသော အရိပ်တစ်ခု။ ဒီလောက်ပူအိုက်နေသောရာသီဥတုမှာ ထိုလူက ကုတ်အမည်းတစ်ထည်ဝတ်ထား၏။ ပြီးတော့တပ်ထားသောမျက္မှန်နှင့် Mask ဟာ မျက်နှာတစ်ခုလုံးကိုဖုန်းကွယ်ထားလေသည်။ ခွေကောက်နေသော ဆံပင်တွေဟာ နားရွက်အောက်ခြေနားမှာ ဝေ့ဝဲကျနေ၏။ စတိုင်ပင်အနက်နှင့် လွှားကနဲနေအောင်လျှောက်သွားသော ခြေတံတိုတိုလေးတွေက သူ့အားကျော်တက်သွားကာ ရှေ့ဘက်အဆောက်အဦးတစ်ခု၏အမိုးအကာအောက်တွင်ရပ်စောင့်နေတော့၏။ သူလည်းထိုအနားက ကပ်လျှောက်သွားမိသည်။ ခြေလှမ်းကိုတမင်နှေးချကာ ထိုလူအနားကလျှောက်သွားမိသည်။ သူ့မေးစေ့အောက်သာရှိမည့်အရပ်သည် အတော်လေးတော့ ပု၏။ သူသူငါငါကြား ပုသည်မဆိုသာပေမဲ့ ယောက်ျားလေးတွေထဲမှာေတာ့ အတော်ပုသည့်အရပ်တစ်ခု။
အနားကိုအတော်လေးကပ်သွားသည်မို့ ထိုဆံပင်များဆီက အနံ့တစ်မျိုးကိုပါ သူရှူရှိုက်လိုက်ရသည်။ လေကလည်းတိုက်နေသည်မို့ ထိုလူ၏ဆံပင်ကောက္များက ထိုလူ၏မျက်နှာပေါ် ဖုံးတစ်ချို့ ကွယ်တစ်ချို့။ သူမသိမသာရပ်ကြည့်နေတုန်း ဆိုက်ရောက်လာသော ဖယ်ရီအသီးသီးကြားမှ တစ်စီးပေါ်တက်သွားလေတော့သည်။
ေသချာမမြင်လိုက်ရသော်လည်း သူရခဲ့သောအနံ့သင်းသင်းနှင့် ဆံခွေကောက်ကောက်တို့ကတော့ သူ့အားအမှတ်ရနေစေပြီ။
ထိုနေ့က အိမ်ကိုအတော်လေးနောက်ကျမှ သူပြန်ရောက်ခဲ့၏။
..................
" သားထင် "
" ဗျာ "
" ဒီရက်ပိုင်း ကိစ္စတွေရှိလား "