Seven Zawgyi

277 37 3
                                    

" အဖေ "

" ... "

" ဘုရားကြီးကုန်းပေါ်ကဆင်းလာပြီ "

" ..... "

" ​ဩော် ရောက်နေပြီလား "

" .... "

" အင်းအင်း "

အသံတွေကြားတော့မှ သူမျက်လုံးဖွင့်ကြည့်မိသည်။ ပုံမှန်ဆိုလျှင်တော့ ရန်ကုန်နှင့်အမ်းသည် မနက်၈နာရီထွက်လာလျှင် အမ်းသို့ည၁၁နာရီဆိုရောက်ပြီဖြစ်၏။

သို့သော် ကားဆရာကြီးက သာမန်မောင်းနေကျဖြစ်သော ပုသိမ်-မုံရွာလမ်းမှ မမောင်းပဲ ပြည်-တောင်ကုတ်လမ်းမှ မောင်းလာလေသည်။ တောင်ပေါ်လမ်းသည် လုံးဝတူမနေ။ ကျဉ်းမြောင်းပြီး အကွေ့အကောက္များသည်။ တချို့နေရာများတွင် ပြိုကျပျက်စီးနေသော ကမ်းပါးများကြောင့် မြေထိန်းနံရံများပြန်လုပ်နေပေသည်။

ရန်ကုန်ကထွက်ကတည်းက ရွာသောမိုးသည် လုံးဝမတိတ်ပေ။ တောင်ပေါ်လမ်းသည်လည်း တောင်ခါးပန်းကနေ ပတ်ဖောက်ထား၍ မြူကအတော်ဆိုင်းသည်။ ညနေလေးကို မီးထွန်းကာတလိမ့်ချင်းမောင်းနေရပေသည်။ တစ်ခါတစ်ခါ ကိုယ့်ယာဥ္ကြောမဟုတ်ပဲ ပန်းပန်းတက်လာသောကားများကိုလည်း ရှောင်ရသေးသည်။ သူတို့ကားသည် တောင်ကုတ်မြို့သို့ရောက်ချိန်တွင် ည၁၁နာရီထိုးသွားလေပြီ။

တလိမ့်ချင်းမောင်းနေရသော ခရီးသည် အဘယ်မှာတွင်ပါမည်နည်း။ ကားစီးလျင် လမ်းဘေးကိုကြည့်ချင်ကြည့်၊ မကြည့်ချင်အိပ်၊ ထိုနှစ်ခုမှလွဲ၍ ကျန်တာ သူမလုပ်နိုင်။ ကားမူး၍ဖြစ်သည်။

ယခုလည်း ည၁၁နာရီကြီးကို ခေါင်းကရီဝေဝေမူးနေ၏။ မနေ့ကညကလည်း အိပ်ရေးမဝခဲ့ပေ။ ကားဆရာကြီးများအောက်ဆင်းသွားချိန်သည် အတော်လေးကြာ၏။

" ကားပျက်သွားတယ် "

မေမေ့ထံမှထွက်လာသော အသံတိုးတိုးသည့် အိပ်မှုံစုံမွှားဖြစ်နေသောသူ့ကို မျက်လုံးကျယ်သွားစေသည်။

" ဘယ်လိုဖြစ်တာလဲ "

" မသိဘူး "

နှစ်နာရီနီးပါးကြားမြင့်ပြီးနောက္မှာ ကားက သွားလို့ရပြီဟူ၏။ သိပ်အမြန်မမောင်းသောကားသည် မိုးများ၍ ကားလမ်းပေါ်ရေလျှံနေသော တောင်ကုတ်မြို့လေးကနေ ထွက်ခွာလာခဲ့လေသည်။ ထို့နောက်တွင် သူလည်းပြန်လည်အိပ်ပျော်သွားခဲ့လေသည်။

I met him in the 2nd wave (Completed)Tempat cerita menjadi hidup. Temukan sekarang