ဖုန်းဖွင့်ကြည့်မိတော့ ဘာ Notification မှတက်မနေခဲ့။ သူတော့တကယ်ကို စိတ်ပျက်နေခဲ့ပါပြီလေ။ facebook social network တွေက ဘာတစ်ခုမှ like မလုပ်၊ ဘာတစ်ခုမှ လိုက်မရှာထားပါရင် ဘာသတင်းမှမတက်တော့ပေဘူးလား။
သူ၏ နောက်ဆုံးတင်ထားခဲ့သော My Day တွင် ဝင်ကြည့်ရှူသူများက အယောက် ၁၀၀ ကျော်နေခဲ့ပြီ။ လူတွေကလည်း သိပ်ခက်သည်။ Post တင်လျှင်ဖြင့် ဘညတစ်ခုမျှ အရေးမလုပ်ပေမဲ့ My Day တွေတော့ ဝင်ကြည့်သွားကြ၏။
လက်ချော်လို့ ဝင်မိတာ ဖြစ်နိုင်သလို မကြည့်ရသေးသည့် အပြာရောင်လိုင်းကလေးပေါ်နေလို့ ဝင်ကြည့်သွားတာလည်း ဖြစ်နိုင်၏။ သူတို့ကြည့်ချင်တဲ့နေရာမရောက်နိုင်သေးလို့ ဘာသိဘာသာ ဝင်သွာစတာလည်း ဖြစ်နိုင်သေးသည်။
အဖက်မလုပ်ချင်ပေမဲ့ မတော်တဆ ဝင်ကြည့်မိတာက ဒုနဲ့ဒေးဆိုတော့လည်း တစ်ဖက်ကကြည့်ပြန်ရင် အပြစ်ယူလို့မရပြန်။
ဘယ်လိုကြည့်သွားသွား၊ မြင်သွားလျှင် သိသွားတာပေါ့ဟု သဘောပိုက်ကာ My Day တွေ တင်ဖြစ်သွားရ၏။
အသိတွေကဆို My Day Series ဟု ခေါ်တတ်လာ၏။ ကုလားကားလို ရှည်လျားထြွေပားလို့။
ဝင်ကြည့်ထားသူများကို ကြည့်မိခါမှ အောက်ဆုံစနားကနေ တက်လာသော 2 other view ဆိုသည်ကို မြင်၏။ ဒါတွေက follower တွေလည်းဖြစ်နိုင်သလို၊ Friend မဖြစ်ပဲ message box မှာ စကားပြောဖူးသူလည်း ဖြစ်နိုင်သည်လေ။
ပထမဆုံး အတွေ့အကြုံအရ ထမင်းစားပြီးသည့်နောက်မှာ သူအိပ်ရမဲ့အခန်းကို စပ်စုကာ ဝင်ကြည့်မိတော့သည်။