Seventeen

281 51 5
                                    

ကားကလေးထဲမှ ကောင်ငယ်လေးဟာ ဖင်တကြွကြွဖြစ်လို့နေသည်။ ကားတံခါးဖွင့်သံနှင့်အတူ မွှေးပျံ့သည့် ကာပေါ်လစ်ဆပ်ပြာနံ့။ ရေစက်လက်ဆံပင်တွေက အခုမှရေချိုးသန့်စင်လာကြောင်း သက်သေပြနေ၏။

တာဝါအသေးတစ်ခုကို ပေးကာ ကားထဲက အဲကွန်းအစား ဟီတာကို ဖွင့်ပေးလိုက်သည်။ အနည်းငယ်နွေးထွေးလာသော ရပ်ဝန်းကြောင့် ခေါင်းသုတ်နေသော လက်က ငြိမ်ကျသွား၏။

" ဒီဘက်ကိုလာ "

အေးစက်စက်လူသားကို သူ့ဘက်သို့ဆွဲကာ ခေါင်းကိုဖွဖွသုတ်ပေးမိသည်။

" အစ်ကို့ကိုတွေ့ခဲ့တယ် "

" နေကောင်းရဲ့လား "

" ညကအိပ်မပျော်ခဲ့ဘူးထင်တယ် မျက်မှန်အောက်ကမျက်ကွင်းတွေ ညိုနေတယ် "

" ပိန်သွားလား "

" သိပ်မပိန်ဘူး ... သန်ဖက်ခါ ဂျူတီဝင်ပေးဖို့ ပြောပေးထားပြီးပြီ "

" ကျေးဇူး ညီညီ "

ထင်ရှား၏ ခေါင်းလေးကို ခြောက်သွေ့သွားသည်အထိ ထူးရှားသုတ်ပေးနေမိသည်။ ခေါင်းလျှော်ပြီးတိုင်း အိပ်တတ်သည့် ကောင်ငယ်လေးကတော့ သူ့လက်ထဲမှာတင် အိပ်ပျော်သွားလေပြီ။

ကားကလေးကို ညင်သာစွာ မောင်းထွက်ရင်း အိမ်ကိုပြန်လာခဲ့လိုက်သည်။

" ညီညီ ထင်ရှား ... ထတော့ "

" ဟင် ... "

အိပ်ပြီဆို နှိုးရခက်သည့်ကောင်ငယ်လေးဟာ မနိုးလာပါ။ ထို့အတွက် နားရွက်ဖောင်းဖောင်းလေးကို အသာအယာလိမ်ဆွဲလိုက်၏။

နားရွက်ဆွဲရင် ယားယံတတ်သည့်ကောင်ငယ်လေးက ယခုမှ မျက်လုံးက ကျယ်လာသည်။

" အိမ်ရောက်ပြီလား "

" အေးလေ .. ရောက်ပြီ "

" သွားအိပ်ဦးမယ် ... အမေမေးရင် ကြည့်ဖြေလိုက် "

ကားထဲကနေ ယိုင်တိယိုင်တိုင်ထွက်သွားတဲ့ကောင်ငယ်လေးကို အလိုလိုစိုးရိမ်စိတ်ဝင်လာသည်ကတော့ ထူးရှား၏အမှားတော့မဟုတ်ဘူးမလား။

...............................

" ထူးရှားပိုင် "

အမေ့၏ အောင်မြင်စူးရှသည့် အော်ခေါ်သံကြောင့် ဆက်တီမှာ ပုံထိုင်ဆွဲနေသည့် ထူးရှား၏ Stylus လေးခမျာ ရွဲ့စောင်းသွားရှာ၏။ တန်ဖိုးသိပ်မကြီးသည့်အမျိုးအစားမို့ ထိပ်ကလေးက ကရော်ကမယ်ဖြစ်၍ သတိနဲ့ ဆွဲနေပါသည်ဆိုမှ အလန့်တကြားလုပ်သည့် မာတာမိခင်ကြောင့် ထိပ်ကလေးရှိ စပရိန်လေးခမျာ ခွေကောက်သွားရှာပြီ။

I met him in the 2nd wave (Completed)Where stories live. Discover now