Uni
လမ်းစုံမှာ ရပ်နေတဲ့ လူနှစ်ယောက် ။
အတိအကျပြောရရင် ကျောခိုင်းထားတဲ့လူနှစ်ယောက်။ နှစ်ယောက်စလုံးရဲ့မျက်နှာက ခန့်မှန်းမရတဲ့ ရာသီဥတုအခြေနေလို.......။" သေချာလား ငါမရှိဘဲနေနိုင်လား "
ကျောခိုင်းထားလျက်စကားဆိုလာတဲ့ကောင်လေးတစ်ယောက်ရဲ့စကားဆိုသံ။
" ......... "
" ......... "
အဖြေမရှိတဲ့ မေးခွန်းလေးတစ်ခုဟာ တိုက်ခက်လာတဲ့ လေနဲ့အတူ လွင့်ပါသွားသယောင်........။
ထို့အတူ ထွက်ခွာသွားတဲ့ ကျောပြင်တစ်စုံဟာလည်း တရွေ့ရွေ့နဲ့ပျောက်ကွယ်ကာ ဝေးဝါးသွားခဲ့တော့သည်..............။❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️❄️
10 နှစ်ကြာပြီးနော်
" ဟျောင့် Kyungsoo ထမင်းစားသွားရအောင် "
" ဟမ် အဲ့အချိန်တောင်ရောက်ပြီလား"
တာဝန်ကျရာ Duty ခန်းထဲသို့ ထမင်းစားလာခေါ်တဲ့ Sehun ကို ပြန်မေးမိသည်။
" မေးတက်လိုက်တာ နာရီလေးလည်း ကြည့်အုံး အကိုတော်ရဲ့ "
Kyungsoo နာရီကြည့်မိတော့ အဟုတ်ပင် 12 နာရီထိုးနေပြီ။ သူလုပ်လက်စ အလုပ်တွေ လက်စသက်ကာ Sehun နဲ့အတူ ထမင်းစားဖို့ထွက်လာခဲ့သည်။
" Kyungsoo ငါတို့ ဟိုတစ်ခါစားတဲ့ဆိုင်သွားစားရအောင် "
Sehun က နားရက်ရတုန်းက သွားစားတဲ့ဆိုင်ကို တော်တော်သဘောတွေ့နေသည့်ပုံ။ ဒါပေမဲ့ သူ့မှာ အချိန်မရ သူ လူနာတွေကို သွားကြည့်ရအုံးမည်။ ဆေးရုံရဲ့အရှေ့မှာဆိုပေမဲ့ ကားလမ်းကူးရအုံးမည်။ သူ့မှာ ကားလမ်းကူးဖို့အချိန်ဖဲ့မပေးချင်လောက်အောင် အလုပ်တွေအပေါ်စိတ်ရောက်နေသည်။ သူနဲ့Sehun နဲ့က TK Group ရဲ့ ဆေးရုံက ဆရာဝန်တွေဖြစ်ကြပြီး Kyungsoo က ဦးနှောက်နဲ့အာရုံကြောဌာနက ဖြစ်ကာ Sehun က ကလေးအထူးကု ဌာနကဖြစ်သည်။ နှစ်ယောက်စလုံး ဆေးကျောင်းတက်မှ သိကြပေမဲ့ နေတဲ့အဆောင်က တူတာကြောင့် တပူးပူးတတွဲတွဲ။ အလုပ်ရပြီးတော့လည်း တိုက်ခန်းကို အတူတူသုံးကြတာကြောင့် ပိုရင်းနှီးသွားသည်။
YOU ARE READING
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Short Storyလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........