Uni
Chanyeol ညစာစားပွဲသွားဖို့ အိမ်ပြန်ပြီး အဝတ်လဲကာ ချက်ချင်းထွက်သွားရပြန်သည်။
" နောက်ကျသွားတာ တောင်းပန်ပါတယ် "
သူတစ်ယောက်ထဲ ကျန်နေလို့သာ တောင်းပန်လိုက်ရသည်။ တကယ်က တောင်ပန်းစရာတောင်မလို။ သူရောက်တဲ့အချိန်က အပိုအလိုမရှိပင်။
" ရပါတယ်ဗျ ကျွန်တော်တို့သာ စောရောက်နေတာ "
Chanyeol ခေါင်းတစ်ချက်သာငြိမ့်ပြပြီးသူ့အတွက် ထိုင်ခုံနေရာမှာဝင်ထိုင်လိုက်သည်။
သူတို့ညစာစားပွဲမှာလူက 5 ယောက်သာပါသည်။ နောင်တက်မဲ့သမ္မတအဖြစ်လျာထားချင်ခံထားရတဲ့ နိုင်ငံရေးက ဂင်ချယ်မင်း၊ တစ်နိုင်ငံလုံးပို့ဆောင်ဆက်သွယ်ရေးနဲ့ခရီးသွားဌာနက ဂျွန်ထယ်ယောင်း၊ ဆေးပညာဆိုင်ရာ ဆေးဝါးနဲ့လူမှုကယ်ဆယ်ရေး ဌာနက ယူမင်ဟန်၊ Chanyeol နဲ့ တစ်နိုင်ငံလုံးရဲ့ နည်းပညာပိုင်းဆိုင်ရာမိန်းကလေးပညာရှင် ချာယွန်းမီ ။ အကုန်လုံးက အဆိပ်ပြင်းတဲ့သူတွေချည်း။ နိုင်ငံရေးစီးပွားရေး အရေးပေါင်းများစွာက ထိုလူတို့ရဲ့လက်ထဲမှာပင်။ လျှို့ဝှက်ကာတွေ့ကြသည်ဖြစ်ရာ အရာအာလုံးက တစ်ချက်မှာလိုက်တာနဲ့ ဆုံးရှူံးရမှာက အသက်ပေါင်းများစွာ။ တိတ်တဆိတ်တွေ့ဆုံမှုအပြီးမှာတော့ အကုန်လုံးက ပြန်သွားကြလေပြီ။
" ဟူး ........."
" Boss ဘာဖြစ်လို့လဲ "
" ဘာမှမဖြစ်ဘူး လေလံပွဲသာမောင်းတော့ "
" ဟုတ်ကဲ့ Boss "
လေလံပွဲ
" တစ်နေ့တစ်နေ့ မင်းမျက်နှာပဲ မြင်နေရတာ မဟုတ်သေးဘူး Jongin မင်းတော်တော်အားနေလား "
" ဟား ဟား ဟား အေးပါကွာ ငါလည်းမတွေ့ချင်ပါဘူး ဒီလေလံပွဲမှာ ငါလိုချင်တာရှိလို့ "
" ဘာလဲ မရဘူးနော် လက်ပက်ဆိုရင် "
" ဟို လက်ပက်ကိုပြောတာလား ငါအဲ့တာလိုချင်တာမဟုတ်ဘူး ရှေးဟောင်းပစ္စည်းတစ်မျိုးပါ "
" ပြီးတာပဲ ဟွင့် "
" နေပါအုံး မင်းချစ်ချစ်ကိုပေးမယ်ပေါ့လေ သူကလက်ခံမှာတဲ့လား မင်းကိုမြင်ရင် အတွေ့မခံတဲ့သူကလေ "
YOU ARE READING
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Short Storyလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........