Ch-10

298 40 2
                                    

Uni

Kyungsoo နေ့တစ်ပိုင်းနားရက်ရတာကြောင့် အိမ်မှာ သန့်ရှင်းရေးလုပ်နေလိုက်သည်။ နေ့လည်စာကတော့ Sehun လာမှ နှစ်ယောက်သားအတူတူလုပ်စားမည်ဟု တွေးထားသည်။ အိမ်သန့်ရှင်းရေးလုပ်နေရင်း......

" ဒုန်း....... "

ဧည့်ခန်းက ပစ္စည်းပြုတ်ကြသံကြောင့် သွားကြည့်တော့

" ဟာ သွားပြီ "

Kyungsoo ကမကတန်းသွားကာ ကြည့်ပြီးတော့ မှန်ဘောင်လေးကတော့ တစ်စစီဖြစ်သွားလျက်.....
ဓာတ်ပုံထဲက ကောင်လေးနှစ်ယောက်ထဲက တစ်ယောက်ကတော့ Sehun ဖြစ်နေပြီး နောက်တစ်ယောက်ကတော့ Kyungsoo မဟုတ်တဲ့ တစ်ခြားကောင်လေးဖြစ်နေခဲ့လျက်.....

Kyungsoo တစ်ခါမှမမြင်ဖူးသေးတဲ့ ထိုကောင်လေးရဲ့အပြုံးတွေက ဓာတ်ပုံထဲမှာ အရမ်းကိုပျော်နေသလို။ အပြင်မှာဆို အဲ့ထက်ပျော်မည့်ပုံပင်။ Kyungsoo ထိုကျကွဲသွားတဲ့ဓာတ်ပုံလေးကို စိမ်ပြေနပြေကြည့်နေမိသည်။ ထိုဓာတ်ပုံလေးထဲက ကောင်လေးတွေရဲ့ အပြုံးက သူ့ကိုလက်မလွှတ်နိုင်အောင်ဖြစ်စေသည်။

" Hun လေးကတကယ်ကို ပြုံးနေခဲ့တာပဲ...... "

Kyungsoo ထိုစကားလေးကိုသာပြောနိုင်တော့သည်။ ဒါပေမဲ့ Hun မလာခင် သိမ်းမှရမှာမို့ ဖန်ကွဲစတွေကို အရင်ရှင်းလိုက်သည်။ ဓာတ်ပုံလေးကိုတော့ စားပွဲပေါ်တင်လိုက်လေသည်။

အိမ်က Sehun က အားရင်အားသလိုရှင်းတာကြောင့် Kyungsoo အများကြီးရှင်းစရာပင် မလိုချေ။ ခနအကြာမှာတော့ အကုန်လုံးပြီးသွားချေပြီ။

" ဟူး ပြီးသွားပြီ အဲ ဟိုဓာတ်ပုံလေးကို မှန်ဘောင် အသစ်ထဲပြန်ထည့်အုံးမှ "

Kyungsoo က မှန်ကျကွဲတာတွေနဲ့ပက်သက်ပြီးအယူမသီးတာကြောင့် ဒီအတိုင်းကျကွဲတယ်လို့သာ အေးအေးဆေးဆေးပင်။

" ဟ ဘယ်ရောက်သွားတာတုန်း ဓာတ်ပုံက "

Kyungsoo ဧည့်ခန်းထဲသွားကာ ခုနက ဓာတ်ပုံကိုသွားကြည့်တော့ မတွေ့တော့ချေ။

" ဘယ်ရောက်သွားတာလဲဟ ဒီမှာတင်ထားတာ သေချာပါတယ် "

Kyungsoo ဘယ်လောက်ပြန်တွေးပြန်တွေး စားပွဲပေါ်သာတင်ထားတာသာမှတ်မိသည်။ လေတိုက်ပြီးလွင့်သွားရအောင် သူတို့တိုက်ခန်းက အလုံလေ။ လူဝင်လာရအောင်‌လည်း တံခါးက ပိတ်ထားသည်။ သူလည်းအထားမှားစရာမရှိ။ ကြောင် ချီသွားတယ်ပြောရအောင်လည်း ကြောင်မှမရှိတာ။ အဲ့တော့ ဓာတ်ပုံက ဘယ်ရောက်သွားတာလဲ။

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Nơi câu chuyện tồn tại. Hãy khám phá bây giờ