Uni
" ဟာ ဒီကောင်တွေ ဘာလိုဖြစ်ကြတာလဲ "
" ဘာဖြစ်ရမလဲ အခုမှ အထူးအဆန်းလုပ်ပြီး အသည်းကွဲပြနေတာ "
Baekhyun ကတော့ အသေအကျေဖဲ့နေတော့သည်။
" ဟျောင့် Byun Baekhyun "
Jongin ကခေါ်လိုက်တော့
" အင်း ပြောပါအုံး ဘာဖြစ်တုန်း "
Baek ကထောက်ပေးသည်။
" ငါ့ ကောင်လေးကလေ "
" ဘာလဲ မမြင်ချင်တော့ဘူးတဲ့လား "
" မင်း!!! "
" ပေါက်ကရတွေပြောတာရပ်ပြီး ကိုယ့်ကိုယ် ထိန်းစမ်း "
Baek က ပြောလည်းပြော ဘေးနားက ခုံပေါ်ထိုင်ချလိုက်သည်။
" ဟင်း........ "
သက်ပြင်းချလိုက်တာက Baek မဟုတ်။ တစ်ချိန်လုံးစကားမပြောဘဲနဲ့ Chanyeol နဲ့ Jongin ကိုရပ်ကြည့်နေတဲ့ Kris နဲ့ Suho ။ နှစ်ရောက်စလုံး ရောက်ရောက်ချင်း ဆောက်နဲ့ထွင်းခံရသည်လေ။ ဘယ်နှစ်နှစ်တောင်ကြာနေပြီလဲ အခုမှလာပြီး မူးရူးပြနေတာ မြင်မကောင်းရှုမကောင်း။ တကယ်ဆို ဟိုကောင်လေးတွေသာ မိန်းမယူ ကလေးမွေးရင် ကလေးတောင် ကြီးနေလောက်ပြီဟာကို။ မယူလို့ တစ်ယောက်ထဲဖြစ်နေကြတာကို ဒင်းတို့က မျက်စိမှောက်ပြီး အသည်းကွဲပြနေတာ။ ဘာတဲ့ အဲ့တုန်းကပြောကြတာ ဟိုကောင်လေးတွေနေနိုင်တာဘာလုပ်ရမှာလဲ သူတို့ကတော့ -ိးတောင်လှည့်မပေါက်ဘူးတဲ့။ ဟိုက နေနိုင်လို့ 10 တောင်ကြာနေပြီ ဒင်းတို့က အသည်းကွဲကောင်းတုန်း။ အဲ့တုန်းက -ိးတောင်လှည့်မပေါက်ဘူးလို့ပြောခဲ့တာလေးကို အသံသွင်းပြီး သူတို့ဟာလေးတွေဆီပို့လိုက်လို့ကတော့ ။ ဟူး မပြောတာပဲကောင်းပါတယ်။
Kris နဲ့ Suho Baekhyun ထည့်ပေးတဲ့ အရက်ခွက်ကို ကောက်ကာသောက်လိုက်ကြတော့သည်။ အမူးသမားတွေကို ကြည့်ပြီး သူတို့လည်း မူးချင်ချင်ဖြစ်လာနေသည်လေ။
" ကဲ အကိုတို့ အိမ်မပြန်ကြဘူးလား "
Baekhyun က ပြန်ဖို့ပြောတော့
" ဟင့်အင်း သီချင်းဆိုအုံးမှာ.... "
Chanyeol က ပြန်ဖြေလိုက်လေ
BẠN ĐANG ĐỌC
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Truyện Ngắnလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........