Ch-13

298 39 11
                                        

Uni

Chanyeol တစ်ခါတွေ့ပြီးကတည်းက မျက်နှာချင်းဆိုင်ဖို့ မကြိုးစားခဲ့တဲ့ သူအမြတ်တနိုးချစ်ရတဲ့ ကောင်လေးဆီ သွားဖို့ဆုံးဖြတ်မိသည်။ သူရှောင်နေလို့ မဖြစ်။ သူ့ရဲ့ချစ်ရသူလေးက အဖြစ်အပျက်တွေအကုန်လုံးကို အမှန်တိုင်းသိသင့်သည်မလား။

တကယ်ဆို အချစ်က အမုန်းတွေ စိတ်ညစ်စရာတွေနဲ့ မထိုက်တန်တဲ့ လူသားလေးပါ။ မှားခဲ့တဲ့သူကိုယ်တိုင်မှ လွဲ၍ သူ့အချစ်ဟာ ပျော်ရွှင်စရာတွေနဲ့သာ တွေ့ကြုံရသင့်သည်လေ။

ချစ်ခဲ့မိတာက အပြစ်ဆိုရင် စချစ်ခဲ့မိတဲ့ သူကိုယ်တိုင်ကပဲ အပြစ်တွေခံယူသင့်တယ်မလား.........

နာကျင်မှုတွေခံစားရပါစေလို့ ရည်ရွယ်ပြီး ချစ်ခဲ့တာမဟုတ်လို့ သူ့အချစ်က ပိုပြီးပျော်ရွှင်သင့်တယ်လေ...........

စိတ်ချပါ အချစ်ပျော်ဖို့အတွက်ဆို ကိုယ့်ရဲ့အရာအားလုံးကို ပေးဆပ်မှာမို့...........

ခြေလှမ်းတွေကို အားတင်းရင်း အချစ်ရှိရာဆီသို့သွားခဲ့မိသည်။
ဆေးရုံကနေ မခွာဘဲ မနားတမ်းအလုပ်လုပ်နေတဲ့ သူ့အချစ်ပုံစံက လေတိုက်ရင်လဲကျတော့မယောင်။
မတွေ့ရတဲ့ရက်တွေမှာ အချစ်က ပိုပြီးပိန်လာကာ အားနည်းနေပုံပေါက်နေလေသည်။ မရွှင်လန်းတဲ့ အချစ်ရဲ့မျက်နှာကို Chanyeol ကြည့်ရင်း ရင်တွေနာရသည်။ ချစ်ရသူလေးက သူ့ကြောင့်နာကျင်နေရသည်။ သူသာ အချစ်ကို မချစ်ခဲ့ရင် ဆိုတဲ့အတွေးတွေက အချစ်နဲ့နီးလာတဲ့ စက္ကန့်တွေအလိုက် ပိုသေချာလာသလို။ Chanyeol အချစ်ရှေ့ရပ်လိုက်တဲ့အခါမှာတော့ မော့ကြည့်လာတဲ့မျက်ဝန်းတစ်စုံ ကို ရှောင်လွှဲမိသည်။

" ဘာလာလုပ်တာလဲ "

အသံပြတ်နဲ့မေးလာသူလေးကြောင့်

" ကိုယ့် အချ .... အာ Kyungsoo ကို ပြောစရာလေးရှိလို့ပါ "

အချစ်လို့ခေါ်မိခါနီး အမြန်ပြန်ပြင်ကာ ပြောရသည်။ မဟုတ်ရင် အချစ်က ပိုပြီးစိတ်ဆိုပေလိမ့်မည်။

" ကျွန်တော့မှာ ပြောစရာစကားမရှိလို့ ပြန်ပေးပါ "

ထိုစကားထွက်လာမယ်ဆိုတာသိပေမဲ့ ကြားလိုက်ရပြန်တော့လည်း အချစ်က သူ့ကို နာကျဉ်းနေတုန်းဟု တွေးမိလိုက်တာကြောင့် ရင်ထဲက နာကျင်လာရပြန်သည်။

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Opowieści tętniące życiem. Odkryj je teraz