Uni
" ရော့ ရေသောက်အုံး အဆင်ပြေရဲ့လား "
Sehun ပျက်ယွင်းနေတဲ့ Kyungsoo မျက်နှာကို ဘာလုပ်ပေးရမှန်းမသိ။ ကားထဲမှာကတည်းက တုန်ရီနေတဲ့လက်တွေကို သတိထားမိသည်။
" စိတ်လျော့ပါကွာ "
" ငါ ငါ ငါ ...... "
" ကဲပါ ဆက်မပြောနဲ့တော့ မင်းအိပ်ရေးမဝသေးဘူးမလား ခနလောက်အိပ်လိုက် မင်းနိုးလာရင် အကုန်အဆင်ပြေသွားမှာပါ "
Kyungsoo ကို အိပ်ယာပေါ်တွဲကာ အိပ်စေလိုက်သည်။ အရမ်းပင်ပန်းနေပြီ မဟုတ်ပါလား။
Sehun Kyungsoo နိုးလာရင် စားဖို့ မီးဖိုချောင်ထဲဝင်ကာ ချက်ပြုတ်ဖို့ ပြင်လိုက်သည်။ သူ့လည်း ပင်ပန်းနေရင်တောင် နားဖို့အခွင့်မှမရှိဘဲ။
Kyungsoo အိပ်ယာပေါ်မှာ အိပ်မပျော် တာကြောင့် လူက ဟိုလှိမ့်ဒီလှိမ့်နဲ့ အဆင်မပြေ။ မျက်လုံးထဲက မတွေးချင်ဘဲ ပေါ်လာတဲ့ပုံရိပ်။ ထိုပုံရိပ်က သူ့ရင် အခုန်မြန်စေသည်။ သူဘယ်လောက်တောင် ကြိုးစားမေ့ခဲ့ရတဲ့ ပုံရိပ်လည်း။ အနည်ထိုင်ကာမှ ပေါ်လာတဲ့ ပုံရိပ်။ သူဘယ်သူ့ကို အပြစ်တင်ရမည်လဲ။ သူနောက်တစ်ခေါက်ဆိုရင် ရူးသွားနိုင်သည်။ သူတွေးနေရင်း အတွေးတွေက အတိတ်ဆီသို့..................................
________________________________
" အချစ် "
" ဗျာ "
" အချစ်လေး "
" ဗျာ "
" အချစ်လေးလို့ "
" ဗျာ လို့ဆိုဗျာ တကယ်ပဲ ဘာလို့အဲ့လောက်ခေါ်နေရတာလဲ "
" ဘာလဲ ငြိုငြင်တာလား "
" ငြိုငြင်စရာလား ကို ရယ် အခုဟာက ကျွန်တော် စာလုပ်နေတယ်လေဗျာ "
" မသိဘူးကွာ အချစ်က ကို့ကိုပစ်ထားတော့ ကိုယ်က မနေတက်တော့ဘူးလို့ "
Kyungsoo ဘေးနားမှာ တောက်တဲ့တစ်ကောင်လိုကပ်ကာ စာမလုပ်ဘဲ အနှောင့်ယှက်ပေးနေတဲ့ Chanyeol ပါလေ။
" ကို မဆိုးစမ်းနဲ့ဗျာ စာမေးပွဲက နီးနေပြီ ကို ရဲ့ "
" ဟာ အချစ်ကလည်းကွာ ၂ လတောင်လိုသေးတာကို "

ВЫ ЧИТАЕТЕ
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Короткий рассказလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........