Ending that isn't the end

371 21 2
                                        

Uni

အနာဂတ်မှာ တစ်ယောက်ထဲဖြစ်နေတဲ့ သူ့ကို လူတွေမြင်ရင်အံ့ဩသွားကြလိမ့်မယ်။ ဟက်.... နောက်ကြောင်းပြန်မလှည့်ခဲ့တဲ့သူဟာ အခုချိန်မှာ နာကျင်မှုတွေနဲ့အသားကြနေခဲ့တဲ့ လူတစ်ယောက်ဖြစ်နေပြီ။
ရင်ထဲက ဒဏ်ရာအမာရွတ်တွေဟာ တစ်ယောက်သောသူနဲ့အတူတကွကျန်နေခဲ့ပြီ.....
အတိတ်ဟောင်းတွေကိုချန်ခဲ့ပြီး လေညွှန်ရာအရပ်တိုင်း လေလွင့်ခဲ့တဲ့ကိုယ့်ကို မှတ်မိနေအုံးမလား....
အချိန်တွေက ကိုယ့်ရင်ထဲကဒဏ်ရာတွေကို တဖြည်းဖြည်းတိုက်စားခဲ့တယ်လေ.......
ဒါပေမဲ့ အဆင်ပြေလားလို့မေးလာခဲ့ရင် ကိုယ့်မှာဖြေစရာအဖြေအဆင်သင့်ရှိမနေခဲ့ဘူး......

နှင်းတွေ တဖွဲဖွဲကြနေတဲ့အချိန်မှာ တစ်‌စုံတစ်ယောက်ဟာဝောာ့ နှင်းတွေကြားထဲလဲကျသွားခဲ့လျက်...........

<<<<<<<<<<<<<<<<<<<<<<<

မုန်းတယ် လို့ပြောတိုင်း နာကျင်နေခဲ့တဲ့ငါ့နှလုံးသားကို မင်းသိမှာမဟုတ်ဘူး......

တစ်ခါမှ မင်းကိုမလိမ်ဖူးခဲ့ပေမဲ့ နောက်ဆုံးအကြိမ်လိမ်ခဲ့ဖူးတဲ့ စကားက  " မုန်းတယ် ".......

ဟုတ်တယ်.....

မင်းကို အရမ်းမုန်းတယ် ......

နာကျင်စွာရေရွတ်ခဲ့တဲ့ ငါရဲ့ပထမဆုံးနဲ့နောက်ဆုံးဖြစ်တဲ့ မုသားက

မင်းကို အရမ်းမုန်းတယ်.......

မုသားတွေက အမှန်တရားထက်ချိုမြိန်တယ်လို့ဆိုခဲ့ပေမဲ့ ငါ့အတွက်တော့ မုသားရော အမှန်တရား ကပါ ခါးသီးလွန်းတယ်..........

ငါတို့ပြန်တွေ့ခဲ့ရင် အမုန်းမရှိတဲ့အဖြူရောင်သံယောဇဉ်တွေနဲ့ပြန်တွေ့ကြမယ်လို့မျှော်လင့်ရင်း..........

<<<<<<<<<<<<<<<<<<<<<<<

တကယ်တော့ ဘာမှဆက်တင်ဖို့မရှိတော့ပါဘူး။ ကျွန်တော် အရင်ပိုင်းကို Final ရေးဖို့မေ့သွားပြီး T.B.C. ဆိုပြီးယောင်ရေးမိသွားတာပါ။ အဲ့တော့ အသစ်တစ်ပုဒ်နဲ့ဆက်စပ်မိသွားအောင် အခုလိုရေးလိုက်တာပါ။ ကြာသွားတာတော့ ခွင့်လွှတ်ပေးပါ။ အရှုပ်တွေလုပ်နေတာမို့ပါ။ အဲ အလုပ်တွေရှုပ်နေတာပါ။ နွေးနွေးထွေးထွေးနေပြီး ကျန်းမာရေးဂရုစိုက်ကြပါ...
အခုတော့ ဒီficလေးကနေ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော်ရဲ့ficကိုစလယ်ဆုံးဖတ်ပေးခဲ့လို့ကျေးဇူးပါ....
Good bye.........

_________________________

Zawgyi



<<<<<<<<<<<<<<<<<<<<<<<



ဟုတ်တယ်.....






<<<<<<<<<<<<<<<<<<<<<<<

Good bye.........

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Donde viven las historias. Descúbrelo ahora