Uni
" မင်္ဂလာပါ Professor "
" မင်္ဂလာပါကွာ"
" မင်္ဂလာပါ ဆရာ "
လမ်းမှာတွေ့တဲ့ကျောင်းသားလေးတွေကို Sehun နှုတ်ဆတ်ကာ ရုံးခန်းရှိရာဆီသို့ ဦးတည်လိုက်သည်။ Kyungsoo ကို ဆေးရုံထိလိုက်ပို့ကာ သူကတော့ ဆေးကျောင်းကို လာခဲ့ရသည်။ သူ့ကို ကျောင်းသားတွေကို စာသင်ဖို့ကမ်းလှမ်းလာတော့ သူလက်ခံခဲ့သည် ။ အဲ့တာကို အခုအရေးတကြီး ပြောစရာရှိလို့ဆိုကာ လှမ်းခေါ်တော့ သူရောက်လာသည်။ ဘာတွေပြောမယ်တော့မသိ သူသိတာကာ သူသင်ရမဲ့အတန်းက ဆရာက နယ်စပ်ဘက်ကို တာဝန်ကျသွားလို့ဆိုတော့ သူ့ကိုအစားထိုးကြသည်။
သူတွေနေတုန်း အခန်းရှေ့ရောက်လာလေသည်။ သူအခန်းထဲဝင်လိုက်တော့ ကျောင်းအုပ်ကြီးနဲ့ ဌာနမှုတွေကိုပါ တွေ့လိုက်ရသည်။
" ဝင်ခွင့်ပြုပါ "
" ဟာ Professor လာထိုင် "
" ဟုတ်ကဲ့ဗျ "
Sehun လွတ်တဲ့နေရာမှာဝင်ထိုင်လိုက်ကာ ဘာပြောမလဲ စောင့်နေလိုက်သည်။
" Dr.Sehun လာတော့ Dr.Kyungsoo ပါ ပါမယ်ထင်တာ "
"ကျွန်တော့်ကိုပဲ ခေါ်တာမှတ်လား ကျွန်တော့်ကို ခေါ်တာက? "
Sehun အချိန်မဆွဲဘဲ သူနဲ့ Kyungsoo အကြောင်းကို လွန်စွာစိတ်ဝင်စားနေတဲ့ သူတွေကို စကားလမ်းကြောင်းလွှလိုက်သည်။ မဟုတ်ရင် ပေရှည်နေမည်။
" အာ ဟုတ်တယ် Dr.Sehun ဖြစ်နိုင် ကျောင်းသားတွေကို မနက်ဖြန်ကစပြီးလာသင်ပေးစေချင်တယ်။ အစက လကုန်လို့ပြောပေမဲ့ ဟိုဘက်က ချက်ချင်းခေါ်နေလို့သွားရမှာမလို့ Dr.က ကူညီပေးစေချင်ပါတယ် "
Sehun တွေးမိတာက မနက်ဖြန်စဖို့က လုံးဝအဆင်မပြေ ။ အတန်းချိန်မှာကို ခွဲစိတ်ရမဲ့လူနာအချိန်တွေချည်းဆက်နေသည်။ လကုန်အထိ ထို့အတူပင်။ ရုတ်တရပ်ဖြစ်လာတာကြောင့် သူအိမ်ပြန်ဖို့အချိန်ပင်မရှိ ဖြစ်သွားလိမ့်မည်။ အဲ့တာဆို Kyungsoo ။ သူတွေးသာအမှန်ဆိုရင်။
ငြိမ်ကြသွားတဲ့ Sehun ကို အကုန်လုံးက အသံတိတ်စောင့်နေကြသည်။
" ကျွန်တော်....... "
အကုန်လုံးက ငံ့လင့်နေကြသည်။
ВЫ ЧИТАЕТЕ
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Короткий рассказလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........
