Uni
" ဒုတ် ဟ "
" Sorry ပါဗျ "
Kyungsoo သူ့ကို ဝင်တိုက်တဲ့ ကောင်လေးကို တစ်ချက်လှည့်ကြည့်လိုက်ပြီး ဘာစကားမှမပြောဘဲ Sehun ဆီသို့ ထွက်လာခဲ့လိုက်တယ်။
" Sorry နည်းနည်းကြာသွားတယ် "
Sehun ဆီရောက်တော့ Sorry တစ်ခွန်းပြောကာ ကားပေါ်တက်သွားတော့သည်။ Sehun ပခုံးတစ်ချက်တွန့်ကာ Driver seat မှာဝင်ထိုင်လိုက်သည်။
" Hun ah ....."
" ဟင်....."
" ရှေ့မှာ..... "
Sehun ကားစက်နှိုးပြီး ခါးပတ်ကြိုးပတ်နေတုန်း Kyungsoo က စိုးရိမ်တကြီး ပြောလာတာကြောင့် အရှေ့ကိုကြည့်မိတော့ လူ 10 ယောက်ခန့်ရှိမည်။ တုတ်တွေနဲ့ဖြစ်တာကြောင့် Sehun စိတ်လေသွားသည်။ သူ့အတွက် အတိုက်ခိုက်က မဆန်းပေမဲ့ Kyungsoo ကမရပေ။ ထိုလူတွေနဲ့ချနေရင်း Kyungsoo ကို တစ်ခုခုလုပ်သွားမှဆိုးရသည်။ ကားပါကင်ကို လူတွေဆင်းလာမှရလိမ့်မည်။ ဒါပေမဲ့ ဖြစ်ချင်တော့ ဆရာဝန်တွေအတွက် ကားပါကင် သီးသန့်။ ဘယ်ဆရာဝန်မှ ဒီအချိန်ဆင်းလာအုံးမည် မဟုတ်။
" ဟူး......"
Kyungsoo နဲ့ Sehun ပြိုင်တူသက်ပြင်းချမိသွားသည်။ ဘာလို့ဆို Kyungsoo လည်း Sehun နည်းတူတွေးမိသောကြောင့်။
ကားရှေ့မှာ ထိုလူတွေက တဖြည်းဖြည်းတိုးလာကြသည်။
" Hun ah ကားကို အရှိန်နဲ့မောင်းထွက်လိုက်ရင်ရော "
" အေး အဲ့လို လုပ်မလို့ ကြည့်နေတာ သေချာကိုင်ထား 1 2 3 "
အရှိန်နဲ့ စောင့် , ထွက်လာတဲ့ Kyungsoo တို့ ကားကြောင့် ကားရှေ့က လူတွေရုတ်တရပ် ရှောင်လိုက်ရတာကြောင့် အထိနာကုန်ကြသည်။
သို့ပေမဲ့ Kyungsoo တို့ရှေ့ပိတ်ရပ် လိုက်တဲ့ ကားတစ်စီး။" ကျွီ...... "
အသံပေါင်းစုံမြည်သွားသလို Sehun သည်လည်း ရုတ်တရပ် ဘရိတ်စောင့်အုပ်လိုက်ရတာကြောင့် ကား နောက်ပိုင်းပါ ထောင်သွားသေးသည်။
ပိတ်ရပ် ထားတဲ့ကားပေါ်ကနေ ဆင်းလာတဲ့ ခြေထောက်တစ်စုံ။
" ဟင် "
![](https://img.wattpad.com/cover/214898546-288-k194749.jpg)
YOU ARE READING
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Short Storyလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........