Uni
Kyungsoo သူ့ကို သေးသေးလေးခေါ်ကာ ရှေ့၌ရှိနေသော လူကိုကြည့်ကာ ဘာပြောရမှန်းမသိ။ သူ့ရှေ့က လူက Kim Jongin မှ Kim Jongin အစစ်ဟု ထင်မိသောကြောင့်ပင်။ Kim Jongin က လူ့လောကကနေထွက်သွားတာ ဘယ်နှစ်နှစ်တောင် ရှိနေပြီလဲ။ သူ့ရှေ့က လူကို လူလို့မထင်မိတာ သူ့အမှားမဟုတ်ပေ။ အမွှာ မရှိတဲ့ တစ်ဦးတည်သောသား Kim Jongin မှာ Chanyeol Kris Suho တို့သာ အပေါင်းအသင်းရှိတာ သူ့အသိဆုံး။ Kris က သူ့ကို အကုန်ပြောပြထားတာကြောင့် သူသိနေတာပါ။ ဒါဆို သူ့ရှေ့က Kim Jongin နဲ့ တူတဲ့လူ မဟုတ်သေးဘူး တူတာထက်ပိုတဲ့ Copy ယူပြီး paste ချထားတဲ့အတိုင်း ရှိနေတဲ့သူက မည်သူနည်း။ လောကကြီးမှာ လူတူမရှား နာမည်တူမရှား ရှိပေမဲ့ အဲ့လောက်ချွတ်စွတ်တူတဲ့လူရှိမယ်လို့ မထင်ပေ။ စတွေ့တုန်းက တကယ် သရဲလို့ထင်မိသွားတာ။ ( Kyungsoo က Kris နဲ့ Suho ကြောင့် Sehun နဲ့ Jongin အကြောင်းကို အကုန်သိနေပြီး Jongin ကိုလည်း Kris တို့နီးပါးသိပါတယ်နော်။ ဘယ်လိုသိသွားလဲတွေးနေမှာဆိုးလို့။ ပြီးတော့ Jongin ဈာပနကို Sehun မသွားဘူးဆိုတာ သိလို့ သူသွားတာပါနော်။ )
Kai သူရှေ့က သေးသေးလေးကို မှင်သေသေနဲ့ကြည့်နေလိုက်သည်။ သူ့ကို စိုက်ကြည့်ကာ မျက်မှောင်တဖြေးဖြေးကျုံ့လာတဲ့ သေးသေးလေးကို စိတ်ရှိတိုင်းသာ ပြောပစ်ချင်စိတ်ကို ထိန်းထားရသည်။ ဘယ်လိုသေးသေးလေးမှန်းမသိ။ သူ့ဘေးက တပည့်နဲ့ ဆရာဝန်ကို အသံတိတ်ထွက်သွားဖို့ပြောလိုက်ပြီး သူကတော့ ထိုသေးသေးလေးနဲ့ စကားပြောဖို့လုပ်ရမည်။ မဟုတ်ရင် ထိုကောင်လေးအား ကန်ထုတ်မိပေလိမ့်မည်။
တပည့်ကောင်လေးနဲ့ဆရာဝန်ကတော့ သူတို့ဗိုလ်ကြီးကို ကြောက်တာကြောင့် ဖနောင့်တင်ပါးတစ်သားတည်းကျအောင် ပြေးထွက်သွားလေသည်။
Kai သူ့ကို စိုက်ကြည့်နေဆဲ ကောင်လေးကို
" မင်း ဒီနေ့ကိုယ့်ကို ကြည့်လို့ ပြီးအုံးမှာလား "
သူပြောလိုက်ခါမှ အသိဝင်သလို ဖြစ်သွားတဲ့ ကောင်လေးကို ကြည့်ပြီး ခေါင်းခါလိုက်သည်။ ဘယ်လို ဟာလေးမှန်းမသိဘူး။
Kyungsoo သူ့ရှေ့က လူဆီမှ စကားပြောသံကြားမှ စိုက်ကြည့်နေမိတာ သတိရပြီး အားနာမိသွားသည်။
CZYTASZ
The Legend Of Longing (အလွမ်းဒဏ္ဍာရီ)
Krótkie Opowiadaniaလမ်းခွဲခဲ့ပြီးနောက် ကိုယ်စီကိုယ့်လမ်းကိုလျှောက်ကြတဲ့အခါ.........
