Ch-9

319 46 4
                                        

Uni

" ဟဲလို "

" အင်း ကိုယ်တို့ပါ "

Kyungsoo ဖုန်းနံပါတ် ကြည့်လိုက်တော့ unknown ဖြစ်နေသည်။
ဒါပေမဲ့ အသံကြားတာနဲ့ ဘယ်သူတွေလည်း သိပါသည်။

" ဟုတ်ကဲ့ ဘာကိစ္စရှိလို့လဲ "

" ကိုယ်တို့ဆီ အခုချက်ချင်း လာပေးနိုင်မလား "

" ကျွန်တော်မအား.... "

" မင်းမလာရင် ဒီလူသေလိမ့်မယ် ထင်တယ် "

" ဟုတ်ကဲ့ ကျွန်တော် ဘယ်ကိုလာရမလဲ "

" ဆေးရုံရှေ့မှာကားလွှတ်ထားတယ် "

" ဟုတ်ကဲ့ "

Kyungsoo ph ချလိုက်ကာ လိုအပ်မဲ့ ပစ္စည်းတွေယူကာဆေးရုံရှေ့ထွက်လာလိုက်သည်။

ဆေးရုံရှေ့ရောက်တော့ သူရှေ့လာရပ်တဲ့ကားပေါ်ကို တက်လိုက်သည်။
နောက်တော့ ခေါ်ဆောင်ရာ ဆီသို့။

" ရောက်လာပြီလား "

" လူနာက ဘယ်မှာလဲ "

နှုတ်တောင်အဆက်မခံဘဲ လူနာကိုသာ ဦးတည်မေးလိုက်သည်။ Kyungsoo သူ ဒီလူတွေနဲ့တွေ့ချိန်နည်းနိုင်သမျှ နည်းလိုတာကြောင့်။

Kris သူမေးတာနဲ့ဆန့်ကျင်စွာပြောလာတဲ့ကောင်လေးကြောင့် မျက်လုံးပင့်မိသည်။ ဘယ်လောက်တောင် အငြိုးတွေနဲ့မို့ ဒီလောက်ထိ ခါးခါးသီးသီး ဖြစ်နေရလဲ စဉ်းစားလို့မရပေ။ စိတ်လျှော့ကာ အပေါ်ထပ်ကိုပဲ ခေါ်ခဲ့လိုက်တော့သည်။

" ကဲ လာ အပေါ်ထပ်မှာ "

Kyungsoo အနောက်ကနေ ဘာမှမပြောဘဲ လိုက်ခဲ့တော့သည်။

Kris ဖွင့်လိုက်တဲ့တံခါးနောက်မှာတော့

" ခင်ဗျားတို့ လူနာကို ဘယ်လိုထားတာလဲ "

Kyungsoo အပြေးအလွှားပင် လူနာကိုကြည့်မိသည်။

ကြမ်းပြင်ပေါ်သို့ လဲကျနေတဲ့လူနာကိုပြေးပွေ့ကာ ခုတင်ပေါ်တင်ပေးလိုက်သည်။

လူနာက နာတာရှည်ရောဂါ ခံစားနေရတာပင်။

ခုတင်ပေါ်တင်ပေးပြီး စစ်ဆေးကြည့်တော့ ကြည့်ရတာ အချိန်အတိုင်းတာတစ်ခုသာကျန်တော့သည်။

The Legend Of Longing (အလွမ်းဒဏ္ဍာရီ)Место, где живут истории. Откройте их для себя